ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နှင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အောက်ပါအတိုင်း ဖမ်းဆီးရမိခဲ့ပါသည်-
· ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၄၄၁.၁၂၈ ကီလို၊ ဘိန်းဖြူ ၂၆၇.၃၄၅၈၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆,၈၆၁,၂၀၄ ပြား၊ စိတ်ကြွအကြေ ၀.၀၁၅ ကီလို၊ အိုက်စ် ၂၂၅.၀၇၇၉၃ ကီလို၊ ဆေးခြောက် ၅၁.၆၁၈၃ ကီလို၊ ဘိန်းဆီခဲ ၉.၂၈၅ ကီလို၊ အဆင့်နိမ့်ဘိန်း ၀.၀၀၄ ကီလို၊ ဘိန်းစာရွက် ၆၁၂.၁၁၉ ကီလို၊ ဘိန်းစာမှုန့် ၃၀.၁၆၅ ကီလို၊ ဘိန်းစာရည် ၂.၅ လီတာ၊ ကတ်တမင်း ၀.၀၃၇ ကီလို၊ ဒိုင်မီသိုင်းဆာလဖိတ် ၄,၂၀၀ လီတာ၊ အက်စီတုန်း ၃,၀၀၀ လီတာ၊ တော်လူ အင်း ၂၀,၃၀၀ လီတာ၊ အီသိုင်းအက်စီတိတ် ၇,၅၀၀ လီတာနှင့် Sulfurous Dichloride ၆,၈၀၀ လီတာ၊ စုစုပေါင်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၃၄၁,၆၉၅.၀၉၃၄ တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ အမျိုးသား ၇၃၆ ဦး၊ အမျိုးသမီး ၁၃၃ ဦး၊ စုစုပေါင်း တရားခံ ၈၆၉ ဦး ဖမ်းဆီးရမိခဲ့။
အထက်ပါဖမ်းဆီးရမိသည့် တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်းပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။
- ဒီဇင်ဘာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နှင်းရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါး ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၃၄၁,၆၉၅.၀၉၃၄ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့်အတူ တရားခံ ၈၆၉ ဦးအား ဖမ်းဆီးရမိခဲ့။
Add new comment