စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်း-ကြာတကန်ကျေးရွာ ချင်းဆက်လမ်း၊ ကြာတကန်ကျေးရွာ၏ ရေကျော်အနီး၌ နိုဝင်ဘာလ ၈ ရက်တွင် PDF အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရှိ ရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ NGO(ASELF Tot Health) အဖွဲ့မှ ငှက်ဖျား/တီဘီရောဂါတိုက်ဖျက်ရေးဝန်ထမ်းဖြစ်သူ ကိုပြည့်စုံအောင် (၂၆) နှစ် သည် ကြာတကန်ကျေးရွာရှိ တီဘီရောဂါဖြစ်ပွားသူများအား ကျန်းမာရေးစစ်ဆေးပေး ရန်အတွက် ထွက်ခွာလာစဉ် အဆိုပါနေရာအရောက် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲ ခဲ့ပြီး ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ကျွန်းလှမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရှိရပါသည်။
PDF အကြမ်းဖက်သမားများသည် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူ များအား ဖမ်းဆီးခြင်း/ရက်စက်စွာသတ်ဖြတ်ခြင်းများ၊ မီးသတ်ယာဉ်များ၊ ပရဟိတ ယာဉ်များနှင့် အများပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာအခက်အခဲများအား ကူညီစောင့် ရှောက်မှုပေးသည့် လူမှုကူညီရေးယာဉ်များနှင့် လူနာတင်ဆောင်လာသည့် လူနာတင် ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်းများအပြင် ယခုလို ကျန်းမာရေးဝန်ထမ်းများကိုပါ အသက်အန္တရာယ် ထိခိုက်သေကြေနိုင်သည်အထိ ပြုလုပ်လျက်ရှိရာ ၎င်းတို့လုပ်ရပ်များ အား နိုင်ငံတကာမှလက်မခံနိုင်သည့် စစ်ရာဇဝတ်မှုအားကျူးလွန်နေခြင်းဖြစ်ပါသည်။
အဆိုပါ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေ ခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၁၁-၂၀၂၂)
- ကျွန်းလှမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့ကထောင်ထားသည့် လက်လုပ်မိုင်း ပေါက် ကွဲမှုကြောင့် NGO (ASELF Tot Health)အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့။
Add new comment