၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်သုံးလတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၅ သန်းကျော်ရရှိ

ငါး၊ ပုစွန်နှင့် အခြားရေထွက်ကုန်များကို ပြည်ပနိုင်ငံပေါင်း ၄၀ ကျော်သို့ ပုံမှန်တင်ပို့လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ်စ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၀ ရက် အထိ သုံးလတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၅ သန်းကျော်ရရှိခဲ့ပါသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၀ ရက် အထိ-

· ပြည်ပသို့ ငါး၊ ပုစွန်နှင့် အခြားရေးထွက်ကုန်တင်ပို့မှုအနေ ဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန်ချိန် ၆၁,၀၅၅.၀၇၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၃၂.၀၇၈ သန်းရရှိခဲ့။

· နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ်တန်ချိန် ၉၄,၅၄၁.၀၂၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၀၃.၄၄၆ သန်းရရှိခဲ့။

· စုစုပေါင်း မက်ထရစ်တန်ချိန် ၁၅၅,၅၉၆.၁၀၆ တန်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၂၃၅.၅၂၄ သန်းရရှိခဲ့။

ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ငါး၊ ပုစွန်ရေထွက် ကုန်တင်ပို့မှုမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်သုံးလတာကာလအတွင်း အမေရိကန်ဒေါ်လာ ၂၃၅.၁၆၂ သန်းသာ ရရှိသည့်အတွက်  ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၀.၃၆၂ သန်း ပိုမိုရရှိခဲ့ကြောင်း သိရှိရပါသည်။

  • ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်စ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ သုံးလတာကာလအတွင်း ပြည်ပသို့ရေထွက်ကုန်တင်ပို့မှုအနေဖြင့် စုစုပေါင်းမက်ထရစ်တန်ချိန် ၁၅၅,၅၉၆.၁၀၆ တန်တင်ပို့နိုင်ပြီး အမေရိကန် ဒေါ်လာ ၂၃၅.၅၂၄ သန်း ရရှိခဲ့။
  • ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ငါး၊ ပုစွန်ရေထွက်ကုန်တင်ပို့မှုမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သုံးလတာကာလ အတွင်း အမေရိကန်ဒေါ်လာ ၂၃၅.၁၆၂ သန်းသာရရှိသည့်အတွက် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၀.၃၆၂ သန်း ပိုမိုရရှိခဲ့။

 

Add new comment