၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများ

        ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း အောက်ပါအတိုင်းဖမ်းဆီးရမိခဲ့ပါသည်-

  • အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၃၄.၅၁ ကီလို၊ ဘိန်းဖြူ ၂၁.၁၄၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,၇၉၅,၄၅၅ ပြား၊ စိတ် ကြွရူးသွပ်ဆေးပြားအကြေ ၀.၂၀၇ ကီလို၊ အိုက်စ် ၃,၈၀၂.၂၀၈ ကီလို၊ ဆေး ခြောက် ၁၈၀.၃၁၁ ကီလို၊ ဘိန်းဆီခဲ ၀.၃၁၅ ကီလို၊ ဘိန်းစာရွက် ၂၁၉.၃၅၇ ကီလို၊ ဘိန်းစာမှုန့် ၄.၁၂ ကီလို၊ ဘိန်းစာရည် ၇.၇၅ လီတာ၊ အက်တက်စီဆေးပြား ၁၀,၅၄၉ ပြား၊ ဒိုင်ယာဇီပမ်ထိုးဆေး ၄,၀၀၀ ပုလင်း၊ Fentanyl ထိုးဆေး ၄,၇၀၀ ပုလင်း၊ ကတ်တမင်း ၇.၄၂ ကီလို၊ Happy Water ၃.၂၉၂ ကီလို၊ ကတ်တမင်း ထိုးဆေး ၆၀၀ ပုလင်း၊ ဇိုလမ်ဆေးပြား ၅၀,၀၀၀ ပြား၊ ကဖင်း ၁,၁၅၀ ကီလို၊ ဆာလဖျူရစ်အက်စစ် ၁၇,၉၅၀ လီတာ၊  အမိုနီယမ်နိုက်ထရိတ် ၂၄,၈၃၀ ကီလို၊ Sodium Ethoxide ၅,၄၀၀ ကီလို၊ Methanol Nitric Acid ၁,၂၆၀ လီတာ၊ Diphenyl lodonlum lodide ၄၀၀ ကီလို၊ Phenyl Propanolamine ၀.၆၄ ကီလိုနှင့် ဆက်စပ်ကိရိယာ(ရိုက်စက်/မိုလ်) ၁ လုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း ၈၆,၃၆၂.၃၆ (US$ ၄၁.၁၂၄ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး နိုင်ခဲ့ပြီး တရားခံအမျိုးသား ၆၃၅ ဦး၊ အမျိုးသမီး ၁၀၄ ဦး၊ စုစုပေါင်းတရားခံ ၇၃၉ ဦးဖမ်းဆီးရမိခဲ့ပါသည်။

အထက်ပါဖမ်းဆီးရမိသည့် တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်းပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၁၁-၂၀၂၂)

  • အောက်တိုဘာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေ ကျပ်သန်းပေါင်း ၈၆,၃၆၂.၃၆ (US$ ၄၁.၁၂၄ သန်းကျော်) တန်ဖိုးရှိ မူးယစ် ဆေးဝါးများနှင့်အတူ တရားခံ ၇၃၉ ဦးအား ဖမ်းဆီးရမိခဲ့။

Add new comment

Switch to plain text editor