နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၇ ရက်တွင် ကျရောက်သည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်က ပေးပို့သည့်သဝဏ်လွှာကောက်နုတ်ချက်မှာ-
- ကရင်ပြည်နယ်သည် သဘာဝအလှတရားများဖြစ်သည့် သာယာလှပသောတော တောင်များ၊ လိုဏ်ဂူများ၊ မြစ်ချောင်းအင်းအိုင်၊ ရေတံခွန်စိမ့်စမ်းများ၊ ရိုးသားဖြူစင်သည့် ဒေသခံတိုင်းရင်းသားတို့၏ ချစ်ခင်နှစ်သက်ဖွယ် ဓလေ့ထုံးတမ်းအစဉ်အလာများ၊ မြတ်နိုးဖွယ်ရာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြင့် ပြည့်စုံကြွယ်ဝသည့် ဒေသတစ်ခုဖြစ်သည်နှင့်အညီ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများ၊ ပြည်တွင်း/ပြည်ပခရီးသွားလုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်သော အခင်းအကျင်းနှင့် ပြည့်စုံသည့် ပြည်နယ်တစ်ခုဖြစ်။
- မြေပေါ်မြေအောက်နှင့် ရေသယံဇာတများ ပြည့်ဝပေါကြွယ်ခြင်းကြောင့်လည်း ဒေသခံတိုင်းရင်းသားပြည်သူအများစု၏ လူမှုစီးပွားဘဝအဆင်ပြေကြသည်ကိုတွေ့ရပြီး ကရင်တိုင်းရင်းသားတို့၏ ရွှင်မြူးတက်ကြွဖွယ် ကရင်ဒုံးယိမ်း အကနှင့် ဖားစည်သံတို့သည် ပြည်တွင်း၌သာမကပြည်ပကပါ နှစ်သက်မြတ်နိုးဖွယ်ရာ ရိုးရာဓလေ့တစ်ခုဖြစ်။
- နိုင်ငံတော်အစိုးရသည် ကိုဗစ်-၁၉ရောဂါကြောင့်ထိခိုက်ခဲ့ရသည့် လူမှုရေး၊ စီးပွားရေးလုပ်ငန်းများအပေါ် ကရင်ပြည်နယ်အပါအဝင် တခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအတွက် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိ။
- NCA စာချုပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဆိုပြုချက်များနှင့်အညီ သက်ဆိုင်သူအားလုံးသဘောတူရေးဆွဲထားသည်ဖြစ်၍ ၎င်းလမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသည်သာလျှင် မိမိတို့အားလုံး မျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်သောကြောင့် နောင်လာမည့်မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းသောအမွေအနှစ်တစ်ခုကို ချန်ထားရစ်ရန်လိုအပ်သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်း များကို လျင်မြန်စွာ လုပ်ဆောင်ရန်လည်း လိုအပ်။
- မိမိတို့နိုင်ငံ၏ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုကင်းစင်စွာဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ပြီး မိမိတို့နိုင်ငံအကျိုးစီးပွားကိုမလိုလားဘဲ ငြိမ်းချမ်းရေးကို ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေကြသည့် ပြည်တွင်းပြည်ပအဖျက်သမားများ၏အန္တရာယ်ကို အထူးသတိပြုကြရန်တိုက်တွန်းလို။
- ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်ပြီး အားလုံး၏ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်မှုတို့ ခိုင်မာအောင်တည်ဆောက်နိုင်သည်နှင့်အမျှ အေးချမ်းသာယာသည့်ပြည်ထောင်စုကြီးကို တိုင်းရင်းသားပြည်သူများ၏အားဖြင့် တည်ဆောက်နိုင်မည်ဖြစ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု၊ တိုင်းရင်းသားပြည်သူလူထုနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခံယူချက်ပြည့်ဝမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အသီး အပွင့်များရရှိ ခံစားနေကြရပြီဖြစ်ပြီး ပိုမိုဖွံ့ဖြိုးတိုးတက်ပြီးအေးချမ်းသာယာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁၁-၂၀၂၂)
- NCA စာချုပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဆိုပြုချက်များနှင့်အညီ သက်ဆိုင်သူအားလုံးသဘောတူရေးဆွဲထားသည်ဖြစ်၍ ၎င်းလမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသည်သာလျှင် မိမိတို့အားလုံး မျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်သောကြောင့် နောင်လာမည့်မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းသောအမွေအနှစ်တစ်ခုကို ချန်ထားရစ်ရန်လိုအပ်သကဲ့သို့ ငြိမ်းချမ်းရေး လုပ်ငန်းများကို လျင်မြန်စွာ လုပ်ဆောင်ရန်လည်းလိုအပ်။
- မိမိတို့နိုင်ငံ၏ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုကင်းစင်စွာဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ပြီး မိမိတို့နိုင်ငံအကျိုးစီးပွားကိုမလိုလားဘဲ ငြိမ်း ချမ်းရေးကို ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေကြသည့် ပြည်တွင်းပြည်ပအဖျက်သမားများ၏အန္တရာယ်ကို အထူးသတိပြုကြရန်တိုက်တွန်းလို။
- ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်ပြီး အားလုံး၏ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် တိုင်း ရင်းသားစည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်မှုတို့ ခိုင်မာအောင်တည်ဆောက်နိုင်သည်နှင့်အမျှ အေးချမ်းသာယာသည့်ပြည်ထောင်စုကြီးကို တိုင်းရင်းသားပြည်သူများ၏အားဖြင့် တည်ဆောက်နိုင်မည်ဖြစ်။
Add new comment