KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားပူးပေါင်းအဖွဲ့က ဗန်းမော်မြို့အတွင်း ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားပူးပေါင်းအဖွဲ့က နိုဝင်ဘာလ ၅ ရက်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၏မြောက်ဘက်မီတာ ၂၃၀၀ အကွာမှ ၁၀၇ မမ ရှော့တိုက် ဒုံးများဖြင့် မဆင်မခြင်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဗန်းမော်မြို့ရှိ အမှတ် (၂၃၇) အခြေခံပညာမူလတန်းကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်း ခေါင်မိုးနှင့် ပြတင်းတံခါးများ ပျက်စီးဆုံးရှုံးခဲ့ပါသည်။

အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးနှင့်လုံးဝသက်ဆိုင်မှုမရှိသည့် မြို့ နယ်/ကျေးရွာများပါမချန် အပြစ်မဲ့ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်မှုမရှိစေရန် အမျိုးမျိုးသောအကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပါသည်။ ထို့ကြောင့် အေးချမ်းတည်ငြိမ်မှု လိုလားသော ပြည်သူများအနေဖြင့် နိုင်ငံရေးတည်ငြိမ်မှု ပျက်ပြား စေရန် ရည်ရွယ်ချက်ရှိရှိ ဆင်ခြင်တုံတရားမဲ့စွာ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန် ဆောင်ရွက်နေသည့် အကြမ်းဖက်သောင်းကျန်းသူများကို စက်ဆုပ်ရွံရှာမုန်းတီးလျက် ရှိပါသည်။

အဆိုပါရှော့တိုက်ဒုံးများဖြင့် မဆင်မခြင်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် အဖွဲ့များ၏ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁၁-၂၀၂၂)

  • KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားပူးပေါင်းအဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် မဆင်မခြင်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဗန်းမော်မြို့ရှိ အမှတ် (၂၃၇) အခြေခံပညာမူလတန်းကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်း ခေါင်မိုးနှင့် ပြတင်းတံခါးများ ပျက်စီးဆုံးရှုံးခဲ့။

 

 

 

Add new comment