ရင်းနှီးမြှုပ်နှံသူများအတွက် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးနိုင်မည့် ဝန်ဆောင်မှုစနစ် (DICA Online Solution - DOSo) အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

ရင်းနှီးမြှုပ်နှံသူများအတွက် လူကိုယ်တိုင်လာရောက်စရာမလိုဘဲ အွန်လိုင်းမှ တစ်ဆင့်တွေ့ဆုံဆွေးနွေးနိုင်မည့်အစီအစဉ် (DICA Online Solution - DOSo)ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။

အဆိုပါစနစ်နှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်လျက်ရှိကြသည့် ရင်းနှီးမြှုပ်နှံသူများက သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ တာဝန်ရှိသူများနှင့် ဆွေးနွေးမေးမြန်း၍ အကြံဉာဏ်ယူခြင်းနှင့် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အကူအညီရယူလိုသည့် ကိစ္စများအတွက်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များက သိလိုသည်များကို စုံစမ်းမေးမြန်းမှုများကိုလည်းကောင်း လူကိုယ်တိုင်လာရောက်စရာမလိုဘဲ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် ဝန်ဆောင်မှုစနစ် (DICA Online Solution - DOSo) ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ရင်းနှီးမြှုပ်နှံသူများက သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ တာဝန်ရှိသူများနှင့် ဆွေးနွေးမေးမြန်း၍ အကြံဉာဏ်ယူခြင်းနှင့် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အကူအညီရယူလိုသည့်ကိစ္စများအတွက်လည်းကောင်း၊ ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များက သိလိုသည်များကို စုံစမ်းမေးမြန်းမှုများကို လည်းကောင်း လူကိုယ်တိုင်လာရောက် စရာမလိုဘဲ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် ဝန်ဆောင်မှုစနစ် (DICA Online Solution - DOSo) ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်။

 

Add new comment