နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

       ၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးကို နိုဝင်ဘာလ ၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပခဲ့ရာ ၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကားပြောကြားခဲ့ပါသည်-

  • နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ဆောက်ရာတွင် နိုင်ငံတော်ကို ထူးကဲစွာ အကျိုးပြုသော ဂုဏ်ပြုချီးမြှင့်ထိုက်သူ လူပုဂ္ဂိုလ်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်(၁၂)မျိုး ချီးမြှင့်နိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

  • ထိုသို့ချီးမြှင့်ရာတွင် ချီးမြှင့်အပ်နှင်းနိုင်ရေး “ပဏာမစိစစ်ရေးအဖွဲ့များ”နှင့် “စိစစ်ရေးအဖွဲ့”တို့က အဆင့်ဆင့်စိစစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ စိန်ရတုလွတ်လပ်ရေးနေ့နှင့် ၎င်းနေ့မတိုင်မီ နေ့ကြီး ရက်ကြီးများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာထုတ်ပြန် ချီးမြှင့်သွားမည်ဖြစ်ကြောင်း။

  • ၂၀၂၂ ခုနှစ်၊ (၁) နှစ်တာကာလအတွင်း သက်ဆိုင်ရာကဏ္ဍအလိုက် စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများကိုလည်း စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ် (၁၂) မျိုးကို ချီးမြှင့်နိုင်ရေး အတွက်လည်း သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

  • နိုင်ငံတော်အနေဖြင့် ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုခြင်းနှင့် ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ခြင်းတို့ကို မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံကိုအဘက်ဘက်မှ ရန်လိုဖိအားပေးခြင်းများ လုပ်ဆောင်နေသည့်ကာလအတွင်း နိုင်ငံ၏တာဝန်များကို ကျရာကဏ္ဍများမှ ထူးကဲစွာ အသက်‌ပေးဆောင်ရွက်ကြသော နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မကျန်ရှိစေရန်လည်း စိစစ်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

  • နိုင်ငံတော်မှ ချီးမြှင့်အပ်နှင်းခံရမည့် ပုဂ္ဂိုလ်များ၏ အရည်အချင်းသည် သားစဉ်မြေးဆက် ဂုဏ်ယူဝံ့ကြွားနိုင်သော ထိုက်တန်သည့် စွမ်းဆောင်ရည်များကိုသာ ချီးမြှင့်ခံရခြင်းမျိုးဖြစ်စေရန် ဝိုင်းဝန်းဆွေးနွေးကြ စေလိုကြောင်းပြောကြားခဲ့ပါသည်။

     ထို့နောက် စိစစ်ရေးအဖွဲ့အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေး စိစစ်ဆောင်ရွက်ခဲ့မှုများနှင့် ရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များ၊ တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေးဆောင်ရွက်ခဲ့မှုများအား ရှင်းလင်း တင်ပြခဲ့ကြပြီး ၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန်စိစစ်ရေးအဖွဲ့ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

     အစည်းအဝေးသို့ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။( မြဝတီသတင်းစာ။ ၄-၁၁-၂၀၂၂)

  • နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ဆောက်ရာတွင် နိုင်ငံတော်ကို ထူးကဲစွာ အကျိုးပြုသော ဂုဏ်ပြုချီးမြှင့်ထိုက်သူ လူပုဂ္ဂိုလ်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ် (၁၂) မျိုး ချီးမြှင့်နိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်။

  • ၂၀၂၂ ခုနှစ်၊ (၁) နှစ်တာကာလအတွင်း သက်ဆိုင်ရာကဏ္ဍအလိုက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများကိုလည်း စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ် (၁၂) မျိုးကို ချီးမြှင့်နိုင် ရေးအတွက်လည်း သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်။

  • နိုင်ငံတော်အနေဖြင့် ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုခြင်းနှင့် ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ခြင်းတို့ကို မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံကို အဘက်ဘက်မှ ရန်လိုဖိအားပေး လုပ်နေသည့်ကာလအတွင်း နိုင်ငံ၏တာဝန်များကို ကျရာကဏ္ဍများမှ ထူးကဲစွာ အသက်‌ပေးဆောင်ရွက်ကြသော နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မကျန်ရှိစေရန်လည်း စိစစ်ဆောင်ရွက် သွားကြရမည်ဖြစ်။

Add new comment