ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ခြင်း၊ ဥယျာဉ်တော်တည်ဆောက်ခြင်းနှင့် ကျောက်စာရုံစေတီများ တည်ထားကိုးကွယ်ခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းတိုးတက်မှုအခြေအနေများကို ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုဝင်ဘာလ ၃ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား တာဝန်ရှိသူများက ရှင်းလင်းဆောင်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်ရေးလုပ်ငန်းတိုးတက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြရာတွင်-
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင်ခြင်း၊ ပင့်တင်ခြင်းနှင့် ပလ္လင်တော်ပေါ်သို့ ပင့်ဆောင်ခြင်းများဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း။
- မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် သစ်ပင်၊ ပန်းမန်များ စိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိကအဆောက်အဦများ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့်တိုးတက်လာမှုအခြေအနေများကို လည်းကောင်း။
- ဆဋ္ဌသင်္ဂါယနာမူပိဋကတ်ကျမ်းစာတော်များကို ဆရာတော်ကြီးများ၏ လမ်းညွှန်ဩဝါဒများ ခံယူပြီးအဆင့်ဆင့်စိစစ်၍ စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရေးထိုးပူဇော်လျက်ရှိသည့် အခြေအနေများနှင့် အလှူငွေကောက်ခံရရှိမှု အခြေအနေများကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့။
ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ရေးဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး လုပ်ဆောင်ရန်ကိစ္စရပ်များအား စနစ်တကျ တွက်ချက် ဆောင်ရွက်ရန် အသေးစိတ်မှာကြားပြီး ဆရာတော်ကြီးများထံမှ ဩဝါဒများခံယူပြီးနောက်-
- ခင်းကျင်းပြသထားသော အဆောက်အဦပုံစံငယ်များနှင့် ကမ္ဘာပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဖြန့်ဝေရန်အတွက် ပါဠိအက္ခရာနှင့် Romanize Lan- guage တို့ဖြင့် ရိုက်နှိပ်ထားသော ပိဋကတ်ကျမ်းစာအုပ်နမူနာများအား လည်းကောင်း။
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော်တည်ဆောက်ပြီးစီးမှု အခြေအနေများ။
- ချောင်းဖြောင့်မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ။
- ကျောက်စာရုံများတည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှု၊ သုဓမ္မာဇရပ်များတည်ဆောက်ပြီးစီးမှုနှင့် မုစလိန္ဒာအိုင်တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့။
အဆိုပါ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် စကျင်ကျောက်တော်ကြီးမှ ထွက်ရှိလာနိုင်သည့် အတိုင်းအတာ၊ ထုထည်နှင့် အပြစ်အနာအဆာ ရှိမှုများအား သိရှိနိုင်ရန် X-Ray ရိုက်စမ်းသပ်စစ်ဆေးခဲ့ကာ ဉာဏ်တော်နှင့် ပလ္လင်တော်များ ထုဆစ်ရရှိနိုင်မည့်အခြေအနေများကို လေ့လာတွက်ချက်ခဲ့ပြီးနောက် စကျင်ကျောက်တော်ကြီးတည်ရှိရာ မတ္တရာမြို့နယ်၊ စကျင်တောင်မှ ဆီမီးခုံဆိပ်ကမ်းထိ ရေလမ်းကြောင်းဖြင့် လည်းကောင်း၊ ၎င်းမှတဆင့် မန္တလေး-ရန်ကုန်အမြန်လမ်းအတိုင်း နေပြည်တော်သို့ Modular Trailer များဖြင့် အခက်အခဲများစွာကြားမှ ပင့်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ နေပြည်တော်သို့ ရောက်ရှိလာသည့် ကျောက်တုံး တော်ကြီးများကိုလည်း CNC Machine များဖြင့် ပုံဖော်ထုဆစ်ခြင်းလုပ်ငန်းများကို ကျွမ်းကျင်ပညာရှင်များ၊ ခေတ်မီစက်ကိရိယာများဖြင့် နေ့မအား၊ ညမနား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
ထိုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီး ထုဆစ်နေသည့်နည်းတူ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း သာသနာရေးဆိုင်ရာအခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်မည့် သံဃာအပါး ၁,၂၀၀ နှင့် လူပရိတ်သတ်များ ဝင်ဆံ့နိုင်သော သာသနာ့ဗိမာန်တော်ကြီးအပါအဝင် အခြားသောသာသနိကအဆောက်အဦများစွာကိုလည်း ထည့်သွင်းတည်ဆောက်လျက်ရှိကြောင်း၊ ထို့ပြင် ဆရာတော်ကြီးများ၏ ဩဝါဒမိန့်ကြားချက်များအရ ဆဋ္ဌသင်္ဂါယနာမူပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါသိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ် များပေါ်၌ ခေတ်မီစက်ကိရိယာများအသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များတည်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်းလေ့လာနာယူကြည်ညိုနိုင်ရေး စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ “မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး”အား တည်ထားကိုးကွယ် ပြီးစီးပါက မြန်မာတွင် သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော် ကြီးများအနက် အကြီးဆုံးနှင့် ဉာဏ်တော်အမြင့်မားဆုံး ဆင်းတုတော်ကြီးဖြစ်လာမည် ဖြစ်ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁၁-၂၀၂၂)
- နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ခင်းကျင်းပြသထားသော အဆောက်အဦပုံစံငယ်များနှင့် ကမ္ဘာပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဖြန့်ဝေရန်အတွက် ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ထားသော ပိဋကတ်ကျမ်းစာအုပ်နမူနာများအား လည်းကောင်း၊ ကျောက်စာရုံများတည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှု၊ သုဓမ္မာဇရပ်များတည်ဆောက်ပြီးစီးမှုနှင့် မုစလိန္ဒာအိုင်တည်ဆောက်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့။
- ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း သာသနာရေးဆိုင်ရ အခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်မည့် သံဃာအပါး ၁,၂၀၀ နှင့် လူပရိတ်သတ်များ ဝင်ဆံ့နိုင်သော သာသနာ့ဗိမာန်တော်ကြီးအပါအဝင် အခြားသောသာသနိကအဆောက်အဦ များစွာကိုလည်း ထည့်သွင်းတည်ဆောက်လျက်ရှိ။
- “မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” အား တည်ထားကိုးကွယ်ပြီးစီးပါက မြန်မာတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံးနှင့် ဉာဏ်တော်အမြင့်မားဆုံး ဆင်းတုတော်ကြီးဖြစ်လာမည်ဖြစ်။
Add new comment