ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်တစ်အိမ်ကို ချိပ်ပိတ်ခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ဖြေကြားချက်

       မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်တစ်အိမ်ကို ချိပ်ပိတ်ခဲ့ကြောင်းနှင့် အဆိုပါချိပ်ပိတ်ခဲ့သည့် နေအိမ်သည် ခရစ်ယာန်မိဘမဲ့ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ထားသည့် နေရာတစ်ခုဖြစ်သည်ဟု အချို့ သတင်းဌာန များတွင် ဖော်ပြနေသည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ဖြေကြားချက်မှာ-

  • ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်၊ ည ၈ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ စလုံးရပ်ကွက်၊ ၅၄(ဘီ)လမ်းအတွင်းရှိ နေအိမ်တစ်အိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ ချိပ်ပိတ်စစ်ဆေးခဲ့မှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်၌ ခရစ်ယာန်မိဘမဲ့ကလေးကျောင်းဖြစ်သည်ဟု ဖော်ပြနေမှုသည် ကောလာဟလသတင်းမှားဖြစ်ကြောင်း။
  • အိမ်ကိုချိပ်ပိတ်ရသောအကြောင်းရင်းမှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၀ ရက်တွင် မန္တလေး PDF အကြမ်းဖက်အဖွဲ့ဖြစ်သော ဝေယံလင်း(ခေါ်)ထွန်းတောက်နိုင်၏အဖွဲ့ကို လက်နက်အမြောက်အမြားဖြင့် ဖမ်းဆီးရမိခဲ့စဉ် ၎င်း၏ထွက်ဆိုချက်အရ PDF အကြမ်းဖက်အဖွဲ့နှင့် KIA အဖွဲ့အချို့ ပူးပေါင်း၍ မန္တလေးမြို့ ပေါ်တွင် အကြမ်းဖက်သင်တန်းနှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများပေးနိုင်ရန် အိမ် ၄ လုံး ငှားရမ်းအသုံးပြုခဲ့ပြီး ယခုချိတ်ပိတ်ခဲ့သည့်အိမ်သည် အဆိုပါအိမ် ၄ လုံး တွင် ၁ လုံးအပါအဝင်ဖြစ်ကြောင်း။
  • ချိပ်ပိတ်စစ်ဆေးခဲ့စဉ် ကလေး ၁၀ ဦးတွေ့ရှိရပြီး မိဘမဲ့ကလေးများဖြစ်သည်ဟု ပြောဆိုခဲ့သော်လည်း မိဘမဲ့ကလေးဂေဟာ/ကျောင်းဖွင့်သည်ဆို ည့် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည်ကို တွေ့ရှိရကြောင်း။
  • လူမှုကွန်ရက်ပေါ်တွင် အဆိုပါအိမ်၌ ပြည်သူအား ဆေးကုသပေးနေသည်ဟု ပြောဆိုနေကြသော်လည်း လက်တွေ့၌ ဆေးကုသပေးနေသည့်ပုံစံမတွေ့ရဘဲ အကြမ်းဖက်အဖွဲ့များကို ဆေးကုသမှုပေးနေသည့်ပုံစံမျိုး ဖြစ်နိုင်သည့်အတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း။
  • မိမိတို့အနေဖြင့် ကလေးများနှင့်ပတ်သက်၍ မိဘမဲ့ကလေး ဟုတ်/မဟုတ်နှင့် ဟုတ်ခဲ့ပါက အစိုးရက တရားဝင်ဖွင့်လှစ်ထားသည့် မိဘမဲ့ဂေဟာများကို ပို့ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း။

     သို့ဖြစ်၍ ပြည်သူလူထုအား အသိပေးပြောကြားလိုသည်မှာ PDF အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့ကို ထောက်ပံ့ပေးနေသည့်အဖွဲ့များကို အရေးယူမှု တစ်စုံတစ်ရာပြုလုပ်လိုက်ပါက ဘာသာရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်း အထင်အမြင်လွှဲမှားမှုများဖြစ်စေရန် အကြမ်းဖက်အားပေးအဖွဲ့က အကာအကွယ်ယူသည့်အနေဖြင့် သတင်းအမှားများ ဖြန့်ဝေလျက်ရှိသဖြင့် စဉ်းစားချင့်ချိန် ယုံကြည်ကြပါရန် အသိပေးပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁၁-၂၀၂၂)

  • ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်တစ်အိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ ချိပ်ပိတ်စစ်ဆေးခဲ့မှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်၌ ခရစ်ယာန်မိဘမဲ့ကလေးကျောင်းဖြစ်သည်ဟု ဖော်ပြနေမှုသည် ကောလာဟလသတင်းမှားဖြစ်။
  • အဆိုပါအိမ်သည် မန္တလေး PDF အကြမ်းဖက်အဖွဲ့ဖြစ်သော ဝေယံလင်း(ခေါ်) ထွန်းတောက်နိုင်၏အဖွဲ့ကို လက်နက်အမြောက်အမြားဖြင့် ဖမ်းဆီးရမိခဲ့စဉ် ၎င်း၏ထွက်ဆိုချက်အရ ငှားရမ်းအသုံးပြုခဲ့သည့်အိမ် ၄ လုံးတွင် ၁ လုံး အပါ အဝင်ဖြစ်သဖြင့် အိမ်ကိုချိပ်ပိတ်ရခြင်းဖြစ်။
  • PDF အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့ကို ထောက်ပံ့ပေးနေသည့်အဖွဲ့များကို အရေးယူမှု တစ်စုံတစ်ရာပြုလုပ်လိုက်ပါက ဘာသာရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်း အထင်အမြင်လွှဲမှားမှုများဖြစ်စေရန် အကြမ်းဖက် အားပေးအဖွဲ့က အကာအကွယ်ယူသည့်အနေဖြင့် သတင်းအမှားများ ဖြန့်ဝေလျက်ရှိ။

Add new comment