ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၂) ကို နိုဝင်ဘာလ ၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-
- အုပ်ချုပ်မှုပိုင်းဆိုင်ရာလုပ်ငန်းများ ပိုမိုထိရောက်လွယ်ကူစေရန်အတွက် ခရိုင်များထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ပြီး တိုးချဲ့ခဲ့သည့်ခရိုင်များတွင် ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် မရှိမဖြစ်လိုအပ်သော ဌာနများနှင့်ရုံးများကို ဖွင့် လှစ်ပေးထားကြောင်း။
- တရားဥပဒေရေးရာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တရားရုံးနှင့်ဥပဒေရုံး၊ အုပ်ချုပ်မှုလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ဆောက်လုပ်ရေးဦးစီးဌာနများကို ပထမဦးစားပေးအနေဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း။
- MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ပေးထားပြီးဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
- MSME လုပ်ငန်းများ၏ ရည်ရွယ်ချက်မှာ ပြည်တွင်းစီးပွားရေးဖြစ်သည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးရန်၊ သွင်းကုန်အစားထိုးနိုင်ရန်၊ ပို့ကုန်များရရှိနိုင်စေရန်ဖြစ်ကြောင်း။
- တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အဓိကကျသည့် ခရိုင်မြို့ကြီးများတွင် ဆောင်ရွက်ရန်အတွက်လည်း မိမိအနေ ဖြင့် တိုက်တွန်းပြောကြားခဲ့ကြောင်း။
- ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန် ကုန်ကြမ်းများဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း (MSME) များတွင် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်၍ ဒေသတွင်းကုန်ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက် နိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း။
- နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးမှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး ချေးငွေများကို ခေါင်းစဉ်အလိုက် ထုတ်ချေးပေးထား သကဲ့သို့ အဆိုပါချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလကိုလည်း လုပ်ငန်းရှင်များ၏ တောင်းဆိုမှုများကြောင့် သတ်မှတ်ကာလတစ်ခုသို့ ရွှေ့ဆိုင်းပေးခဲ့ကြောင်း။
- ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် သွင်းအားစုများအနေဖြင့် လျှပ်စစ်ဓာတ်အားနှင့် လောင်စာများ၊ စက်သုံးဆီများ၊ မြေဩဇာ၊ ပိုးသတ်ဆေးနှင့် တိရစ္ဆာန်အစာများ လိုအပ်ကြောင်း။
- ဓာတ်မြေဩဇာများနှင့် စက်သုံးဆီများ လုံလောက်စွာရရှိရေးအတွက် နိုင်ငံတော်အနေဖြင့် အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
- စွမ်းအင်အတွက် ဂတ်စ်နှင့် ကျောက်မီးသွေးများ လုံလောက်စွာရရှိရေး စီမံဆောင်ရွက်ပေးလျက်ရှိပြီး သွင်းအားစုများလုံလောက်စွာရရှိမှသာ ထုတ်လုပ်မှုများကိုလည်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
- လူသားအရင်းအမြစ် လိုအပ်ချက်နှင့်ပတ်သက်၍ အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များရှိမှသာ အရည်အသွေးရှိသည့် လုပ်သားအင်အားများ ရရှိနိုင်မည်ဖြစ်သဖြင့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရေး အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- အခြေခံလူသားအရင်းအမြစ်များရရှိရေးအတွက် ယခုအခါ စိုက်ပျိုး၊ မွေးမြူရေးနှင့် စက်မှုပညာရပ်များကို အခြေခံပညာကျောင်းများတွင် တိုးချဲ့သင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။
- မိမိတို့နိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လတာကာလအတွင်း ကုန်သွယ်မှုပိုငွေ ၃၅.၅၁ သန်းရှိခဲ့ပြီး ကုန်သွယ်မှုလုပ်ငန်းများကို ပြန်လည်စိစစ်ကြည့်သည့်အခါ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စက်သုံးဆီနှင့်စားသုံးဆီ၊ သံမဏိပစ္စည်း၊ ဓာတ်မြေဩဇာ၊ နို့ထွက်ပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများ တင်သွင်းခဲ့ရကြောင်း။
- ပြည်ပသွင်းကုန်နှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းမှုကို လျှော့ချနိုင်ရန်လိုအပ်နေသေးသဖြင့် လျှပ်စစ်ကိုပိုမိုထုတ်လုပ်နိုင်ရန်အတွက် မိမိအနေဖြင့် တိုက်တွန်းပြောကြားလိုကြောင်း။
- စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းမှုများကို လျှော့ချနိုင်ရန်လိုပြီး စက်သုံးဆီသုံးစွဲမှုလျှော့ချရေးနှင့်ပတ်သက်၍ ဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ နီးစပ်ရာအလိုက် စုပေါင်းအကောင်အထည်ဖော်မှုဖြင့် အောင်မြင်အောင် ဆောင်ရွက် ကြရန်လိုကြောင်း။
- စားသုံးဆီနှင့်ပတ်သက်၍ ဆီထွက်သီးနှံများ၏ တစ်ဧကအထွက်နှုန်းကို တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဆီထုတ်လုပ်မှုများ ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်သဖြင့် ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်စေရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။
- မိမိတို့နိုင်ငံတွင် စက္ကူလိုအပ်ချက်များရှိပြီး နေ့စဉ်ထုတ်သတင်းစာများ နေ့စဉ်ရိုက်နှိပ်ထုတ်ဝေနေသကဲ့သို့ မဂ္ဂဇင်းများ၊ ဂျာနယ်များနှင့် ကျောင်းသုံးစာအုပ်များအတွက် စက္ကူများလိုအပ်လျက်ရှိသဖြင့် ပြည်ပမှတင်သွင်းနေရကြောင်း။
- မိမိတို့နိုင်ငံတွင် စက္ကူထုတ်လုပ်နိုင်သည့် သစ်နှင့်ဝါးများ အလျှံပယ်ရှိသကဲ့သို့ စက္ကူစက်ရုံများလည်းရှိပြီးဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စက္ကူများ ထုတ်လုပ်နိုင်မှုမရှိသည်ကိုတွေ့ရှိရကြောင်း။
- နိုင်ငံတွင်ရှိပြီးဖြစ်သည့် စက္ကူစက်ရုံများမှ စက္ကူများထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း။
- မိမိတို့နိုင်ငံ၌ သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်းများ တဖြည်းဖြည်းကျဆင်းလာပြီး တရားမဝင်သစ်ထုတ်လုပ်မှုများ ပိုမိုများပြားလျက်ရှိသည်ကိုတွေ့ရှိရသဖြင့် သစ်တောများ ပြန်လည်ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း။
- သစ်တောများ ပြန်လည်စိုက်ပျိုးရေးအတွက် လာမည့်မိုးရာသီမှစ၍ အမျိုးသားရေးရည်မှန်းချက်အဖြစ် စီမံချက်ချမှတ်ဆောင်ရွက်ကြရန်လိုကြောင်း။
- ပြည်တွင်း၌စက္ကူများလုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ပုဂ္ဂလိကနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်ရန်လိုကြောင်း။
- နိုင်ငံတော်အနေဖြင့် ကောက်ခံရရှိသည့် အခွန်ငွေများဖြင့် လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေရခြင်းဖြစ်သဖြင့် ဝန်ကြီးဌာနအလိုက်သုံးစွဲငွေများကို စနစ်တကျဖြင့် စိစစ်သုံးစွဲကြရန်လိုပြီး မလိုလားအပ်သည့် ငွေကြေးသုံးစွဲမှုများမရှိ စေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
- ၂၀၂၂ ခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးခဲ့ပြီး ယခင်နှစ်ကာလတူထက် မိုးရေချိန်နည်းပါးသောကြောင့် အချို့သောဆည်များအတွင်းသို့ ရေဝင်ရောက်မှုများ လျော့နည်းသောကြောင့် ဆည်ရေများကို စိုက်ပျိုးရေးလုပ်ငန်းများ၌ သုံးစွဲရာတွင် ထိထိရောက်ရောက်ဖြင့် စနစ်တကျ သုံးစွဲကြရန်လိုကြောင်း။
- လာမည့်နွေရာသီ၌ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးစသည့် မြေလတ်ဒေသများတွင် ရေရှားပါးမှုများဖြစ်ပေါ်နိုင်သောကြောင့် ရေရရှိရေးအတွက် တာဝန်ရှိသူများက ကြိုတင်စဉ်းစားပြီး စီမံ ဆောင်ရွက်ထားကြရန်လိုကြောင်း။
- အမျိုးသားရေးလုပ်ငန်းစဉ် ၂ ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း အသားတင်စိုက် ဧက ၃၃ သန်း၌ သီးထပ်၊ သီးညှပ်ရအောင်စိုက်မည်ဆိုပါက အထွက်နှုန်းများ တိုး တက်လာပြီး ပြည်ပသို့လည်းတင်ပို့နိုင်မည်ဖြစ်ကြောင်း။
- မိမိအနေဖြင့် စိုက်ဧကမတိုးချဲ့ရန် မူဝါဒချမှတ်ထားပြီး စိုက်ပျိုးလိုပါက မြေကွက်အသစ်ဖော်ပြီး စိုက်ပျိုးရန်လိုကြောင်း။
- မိမိတို့အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စားရေရိက္ခာပေါများရေးနှင့် တိုင်းပြည်သာယာဝပြောရေးကို အဓိကဦးစားပေးလုပ်ဆောင်ရန်လိုကြောင်း။
- တိုင်းပြည်သာယာဝပြောရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထုဝင်ငွေရရှိရေး၊ ပြည်သူလူထုချမ်းသာရေး လုပ်ဆောင်ပေးရန်လိုပြီး ထိုကဲ့သို့ ဆောင်ရွက်ပေးနိုင်မှသာ အစိုးရအနေဖြင့် တာဝန်ကျေမည်ဖြစ်ကြောင်း။
- မိမိတို့အနေဖြင့်လည်း ယခင်ပြီးခဲ့သည့် အစိုးရနှစ်ဆက်၏လုပ်ဆောင်ချက်များကို ဝေဖန်ခဲ့သလို မိမိတို့ကိုလည်း နောက်တက်လာမည့် အစိုးရက ဝေဖန်လိမ့်မည်ဖြစ်သဖြင့် မိမိတို့အစိုးရလက်ထက်လုပ်ဆောင်ချက်များကို မှတ် ကျောက်တင်နိုင်ရန်အတွက် အောင်မြင်အောင် လုပ်ဆောင်ကြရန် အလေးထားမှာကြားခဲ့။
အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့ကို နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါအခမ်းအနားတွင် ပြပွဲ၊ ပြိုင်ပွဲများ၊ သရုပ်ပြယာဉ်များ၊ ပြခန်းများ၊ အား ကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း။
- မိမိတို့အစိုးရအနေဖြင့် နှစ်ပေါင်း ၇၅ နှစ်တွင် တစ်ကြိမ်သာရသည့် အခွင့်အရေးဖြစ်သည့်အတွက် ခမ်းနားထည်ဝါစွာ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
- ဝန်ထမ်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက အထက်အောက် နွေးထွေးစွာဆက်ဆံရန်နှင့် ကွပ်ကဲအုပ်ချုပ်ရာတွင် ညီညွတ်မျှတသော အုပ်ချုပ်မှုစနစ်ဖြစ်ရန် လိုအပ်ပြီး ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း အသိအမှတ် ပြုရန်လိုကြောင်း။
- ဦးစီးဌာနများအနေဖြင့် ဝန်ကြီးဌာနက ချမှတ်ပေးသည့်မူဝါဒများကို မှန်မှန်ကန်ကန်ဆောင်ရွက်ရန်လိုပြီး ထိုသို့ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအနေဖြင့် မူဝါဒများကို မှန်ကန်စွာချမှတ်ပေးရန်နှင့် အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန် ရာတွင်လည်း ပီပြင်မှုရှိရန်လိုကြောင်း။
- လုပ်ခလစာတိုးမြှင့်ရေးနှင့်စပ်လျဉ်း၍ တိုင်းပြည်၏ စီးပွားရေးမတိုးတက်ဘဲ ဆောင်ရွက်ပေး၍မရသည့်အတွက် ဝန်ကြီးဌာနအလိုက်တာဝန်ရှိသူများက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရသင့်ရထိုက်သည့်ဝင်ငွေများ အပြည့်အဝရရှိရေး အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း။
- ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြည်သူများနှင့်ပူးပေါင်းပြီး မြို့ရွာသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်သွားကြရန်လိုအပ်သကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးအတွက် ဖိဖိစီးစီးဆောင်ရွက်သွားကြရန်လိုကြောင်း။
- ဝါးထုတ်လုပ်မှုနှင့်ပတ်သက်၍ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးတို့နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့သည် ဝါးအများဆုံးထုတ်လုပ်နိုင်သည့် ဒေသများဖြစ်သဖြင့် မြန်မာနိုင်ငံတွင် တစ်နှစ်လျှင်ဝါးအလုံးရေ ၂၆၅ သန်းခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း။
- တစ်နိုင်ငံလုံးမှ ထွက်ရှိသည့်ဝါးများကို ပျော့ဖတ်အဖြစ် ထုတ်လုပ်မည်ဆိုပါက ပျော့ဖတ်တန်ချိန် ၄ သန်းခန့်ရရှိနိုင်မည်ဖြစ်ပြီး ယင်းပျော့ဖတ်များဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့်စက္ကူကို လုံလောက်စွာ ထုတ်လုပ်နိုင် မည်ဖြစ်သကဲ့သို့ ပြည်ပနိုင်ငံများသို့လည်း ပျော့ဖတ်များတင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း။
- ပြည်ပပို့ကုန်ဆန်အထွက်နှုန်း ကောင်းမွန်တိုးတက်စေရန်အတွက် အထွက်နှုန်းကောင်းမွန်သည့် မျိုးစပါးများကို သတ်မှတ်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သီးထပ်စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်သွားကြ ရန်လိုကြောင်း။
- သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ပြည်ပနိုင်ငံများ၏ လိုအပ်ချက်များကို သိရှိအောင်ကြိုးစားပြီး နိုင်ငံခြားဈေးကွက်ရရှိအောင် ဖော်ဆောင်၍ နိုင်ငံ၏စီးပွားရေး တိုးတက်အောင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့။
အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ တို့တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၁၁-၂၀၂၂)
- တရားဥပဒေရေးရာလုပ်ငန်းများဆောင်ရွက်ရန်အတွက် တရားရုံးနှင့်ဥပဒေရုံး၊ အုပ်ချုပ်မှုလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ဆောက်လုပ်ရေးဦးစီးဌာနများကို ပထမဦးစားပေးအနေဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ။
- MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ပေးထားပြီးဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်။
- ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး ချေးငွေများကို ခေါင်းစဉ်အလိုက် ထုတ်ချေးပေးထားသကဲ့သို့ အဆိုပါချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလကိုလည်း လုပ်ငန်းရှင် များ၏ တောင်းဆိုမှုများကြောင့် သတ်မှတ်ကာလတစ်ခုသို့ ရွှေ့ဆိုင်းပေးခဲ့။
- စွမ်းအင်အတွက် ဂတ်စ်နှင့် ကျောက်မီးသွေးများ လုံလောက်စွာရရှိရေး စီမံဆောင်ရွက်ပေးလျက်ရှိပြီး သွင်းအားစုများလုံလောက်စွာရရှိမှသာ ထုတ်လုပ်မှုများကိုလည်း အဆင်ပြေ ချောမွေ့စွာဆောင်ရွက်နိုင်မည်ဖြစ်။
- ၂၀၂၂ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လတာကာလအတွင်း ကုန်သွယ်မှုပိုငွေ ၃၅.၅၁ သန်းရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စက်သုံးဆီနှင့်စားသုံးဆီ၊ သံမဏိပစ္စည်း၊ ဓာတ်မြေဩဇာ၊ နို့ထွက်ပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများ တင်သွင်းခဲ့။
- စက်သုံးဆီသုံးစွဲမှုလျှော့ချရေးနှင့်ပတ်သက်၍ ဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ နီးစပ်ရာအလိုက် စုပေါင်းအကောင်အထည်ဖော်မှုဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရန်။
- မိမိတို့နိုင်ငံ၌ သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်းများ တဖြည်းဖြည်းကျဆင်းလာပြီး တရားမဝင် သစ်ထုတ်လုပ်မှုများ ပိုမိုများပြားလျက်ရှိသည်ကိုတွေ့ရှိရဖြင့် သစ်တောများ ပြန်လည်ထိန်းသိမ်းဆောင်ရွက်ရန်လို။
- နိုင်ငံတော်အနေဖြင့် ကောက်ခံရရှိသည့်အခွန်ငွေများဖြင့် လုပ်ငန်းများလည်ပတ်ဆောင် ရွက်နေရခြင်းဖြစ်သဖြင့် ဝန်ကြီးဌာနအလိုက်သုံးစွဲငွေများကို စနစ်တကျဖြင့် စိစစ်သုံးစွဲ ကြရန်လို။
- တိုင်းပြည်သာယာဝပြောရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထုဝင်ငွေရရှိရေး၊ ပြည်သူလူထုချမ်းသာရေး လုပ်ဆောင်ပေးရန်လိုပြီး ထိုကဲ့သို့ ဆောင်ရွက်ပေးနိုင်မှသာ အစိုးရအနေဖြင့် တာဝန်ကျေမည်ဖြစ်။
- မိမိတို့အစိုးရအနေဖြင့် နှစ်ပေါင်း ၇၅ နှစ်တွင် တစ်ကြိမ်သာရသည့် အခွင့်အရေးဖြစ်သည့်အတွက် စိန်ရတုလွတ်လပ်ရေးနေ့ကို ခမ်းနားထည်ဝါစွာ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်။
- ဦးစီးဌာနများအနေဖြင့် ဝန်ကြီးဌာနကချမှတ်ပေးသည့် မူဝါဒများကို မှန်မှန်ကန်ကန်ဆောင်ရွက်ရန်လိုပြီး ထိုသို့ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအနေဖြင့် မူဝါဒများကို မှန်ကန်စွာချမှတ်ပေးရန်နှင့် အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင်လည်း ပီပြင်မှု ရှိရန်လို။
- အထွက်နှုန်းကောင်းမွန်သည့် မျိုးစပါးများကို သတ်မှတ်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သီးထပ်စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန်။
Add new comment