မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့်အလံတင်အစည်းအဝေးကို အောက်တိုဘာလ ၃၀ ရက်၊ မြန်မာစံတော်ချိန် ၁၀၃၀ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ခ်မြို့၊ Shahparirdwip လှေဆိပ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် နယ်စပ်ဒေသ၌ အခြေပြုလှုပ်ရှားသည့် အကြမ်းဖက်သမားများ၊ သောင်းကျန်းသူများတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ရန်၊ ခိုးဝင်/ထွက်မှုများအား ထိရောက်စွာတားဆီးနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် မူးယစ် ဆေးဝါးမှုခင်းနှင့် လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအတွက် နှစ်ဖက်နယ်ခြားစောင့်တပ်ဖွဲ့များအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီး ဖြေရှင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီးရဲဝေစိုးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အမှတ်(၂)ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(တက္ကနာ့ဖ်)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Sheikh Khalid Mohammad Iftekhar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၁-၂၀၂၂)
- မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့်အလံတင်အစည်းအဝေးကို အောက်တိုဘာလ ၃၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် နယ်စပ်ဒေသ၌ အခြေပြုလှုပ်ရှားသည့် အကြမ်းဖက်သမားများ၊ သောင်းကျန်းသူများတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် ခိုးဝင်/ထွက်မှုများအား ထိရောက်စွာတားဆီးနိုင်ရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးခဲ့။
Add new comment