မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆန်တန်ချိန် နှစ်သိန်းတင်ပို့ရန် G to G သဘောတူစာချုပ်ချုပ်ဆိုထားပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ဆန်တန်ချိန် သုံးသောင်းမှ ငါးသောင်းတင်ပို့ရန် လျာထားဆောင်ရွက် လျက်ရှိရာ အောက်တိုဘာလ ၂၈ ရက်မှစ၍ ဧည့်မထဆန် (၅မတ်) 50kg ဆန်အိတ် တန်ချိန် ၂,၆၅၀ ကို MV MCL-7 ပင်လယ်ကူးသင်္ဘောဖြင့် တိုက်ရိုက်တင်ပို့ရန် ဆောင်ရွက်လျက်ရှိပါသည်။
ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်း( Ayeyarwaddy International Industrial Port AIIP )မှ ဆန်တန်ချိန် ၂,၆၅၀ ကို အောက်တိုဘာလ ၃၁ ရက်နေ့အပြီး တင်ဆောင်ပြီးပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ MV MCL-7 ကုန်တင်သင်္ဘောထွက်ခွာမည်ဖြစ်ကာ သင်္ဘောများတစ်စီးဝင် တစ်စီးထွက်စနစ်ဖြင့် ဆက်လက်ဝင်ရောက်နေမည်ဖြစ်ပါသည်။
မြန်မာ့ဆန်များ ပြည်ပသို့တင်ပို့ခြင်းမှ နိုင်ငံခြားဝင်ငွေရရှိစေသည့်အပြင် အိမ်နီးချင်းနိုင်ငံများသို့တင်ပို့နိုင်ခြင်းဖြင့် ဆန်စပါးနှင့်ဆက်စပ်သောလုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ထွန်းလာမည်ဖြစ်ပြီး ပြည်ပပို့ကုန် တိုးမြှင့်နိုင် ရေးနှင့် ဈေးကွက်စဉ်ဆက်မပြတ်တည်ရှိရေးအတွက် နိုင်ငံတော်၊ စိုက်ပျိုးတောင်သူ၊ လုပ်ငန်းရှင်နှင့် ဌာနဆိုင်ရာများ ဟန်ချက်ညီညီဖြင့် ဆက်လက်လှမ်းချီသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၁၀-၂၀၂၂)
- ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ဧည့်မထဆန် (၅မတ်) 50kg ဆန်အိတ် တန်ချိန် ၂,၆၅၀ ကို MV MCL-7 ပင်လယ်ကူးသင်္ဘောဖြင့် တိုက်ရိုက်တင်ပို့ရန် ဆောင်ရွက်။
- မြန်မာ့ဆန်များ ပြည်ပသို့တင်ပို့ခြင်းမှ နိုင်ငံခြားဝင်ငွေရရှိစေသည့်အပြင် အိမ်နီးချင်းနိုင်ငံများသို့တင်ပို့နိုင်ခြင်းဖြင့် ဆန်စပါးနှင့်ဆက်စပ်သောလုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ထွန်းလာမည်ဖြစ်။
Add new comment