KNU/KNLA တပ်မဟာ(၆) လက်အောက်ခံတပ်ရင်းများ၊ KKO(ခွဲထွက်)အဖွဲ့နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများအနေဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ဒေသခံများ ကြောက်ရွံ့ထိတ်လန့်စေရန်ရည်ရွယ်၍ အောက်တိုဘာလ ၂၁ ရက်တွင် မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူနေရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးဌာန၊ အဆောက်အဦများအတွင်း ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းများ လုပ်ဆောင်လာခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့်ပူးပေါင်း၍ တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး မြို့အတွင်း လုံခြုံရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။
အောက်တိုဘာလ ၂၇ ရက်တွင် KNU/KNLA တပ်မဟာ(၆) လက်အောက်ခံတပ်ရင်းများ၊ KKO(ခွဲထွက်)အဖွဲ့နှင့် NUG၊ CRPH တို့၏လက်ဝေခံ PDF အကြမ်းဖက်သမားများသည် ရည်ရွယ်ချက်ရှိရှိဖြင့် လူနေရပ်ကွက်များရှိရာ ကော့ကရိတ် မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အမှတ်(၇)ရပ်ကွက်အတွင်းသို့ ဗုံးသီးများကျရောက်ပေါက်ကွဲ၍ လူနေအိမ် ၂ လုံး၊ ဘာသာရေးအဆောက်အဦတစ်ခုတို့ ထိခိုက်ပျက်စီးခဲ့ကာ အသက် ၉ နှစ်အရွယ် ကလေး ငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
အစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် အစိုးရအုပ်ချုပ်ရေးယန္တရားများ ရပ်တန့်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့နယ်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်စည်းစိမ်ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းများကြောင့် အပြစ်မဲ့ပြည်သူများနှင့် ကလေးသူငယ်များပါ အသက်သေဆုံး စေသည်အထိ အလွန်ရက်စက်၍ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိပါသည်။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော လူနေရပ်ကွက်များအတွင်းသို့ ရည်ရွယ်ချက်ရှိစွာဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့်အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် တုံ့ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁၀-၂၀၂၂)
- KNU/KNLA တပ်မဟာ(၆) လက်အောက်ခံတပ်ရင်းများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ပစ် ခတ်ခဲ့ရာ လူနေအိမ် ၂ လုံး၊ ဘာသာရေးအဆောက်အဦတစ်ခုတို့ ထိခိုက်ပျက်စီးခဲ့ပြီး အပြစ်မဲ့ ဒေသခံ ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံး၊ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့။
Add new comment