၂၀၂၂ ခုနှစ် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် လာအိုနိုင်ငံမှကြီးမှူး၍ (၁၀)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာဝန်ကြီးများအစည်းအဝေး (ASEAN Ministers Responsible for Culture and Arts - AMCA) နှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာလ ၂၇ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာဝန်ကြီးများ၊ အာဆီယံအပေါင်းသုံးဆွေးနွေးဖက်နိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ အာဆီယံယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာဝန်ကြီးဖြစ်သော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။
အာဆီယံယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို လာအိုနိုင်ငံပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီး H.E. Mdm. Suanesavanh VIGNAKET က သဘာပတိအဖြစ် ဆောင်ရွက်ပြီး
- ကိုဗစ်-၁၉ ကပ်ရောဂါအလွန်တွင် လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ယဉ်ကျေးမှုနှင့် အနုပညာသည် အရေးပါသောကဏ္ဍဖြစ်ကြောင်း။
- အာဆီယံအပေါင်းသုံး ဆွေးနွေးဖက်နိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့နှင့် ယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်နှင့် ခိုင်မာအားကောင်း လာစေရန် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၅၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအခြေပြမြေပုံ ၂၀၂၅ နှင့် ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများအစည်း အဝေး(AMCA)မှ ထုတ်ပြန်ချက်များနှင့် အာဆီယံကြေညာချက်များ အပါအဝင် ၂၀၂၅ အလွန် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်တို့အား ပိုမိုအားကောင်းစေရန် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့။
မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက-
- ယဉ်ကျေးမှုဆိုင်ရာတီထွင်ဖန်တီးမှု အကောင်အထည်ဖော်မှုဆိုင်ရာ ဆီရမ်ရိ ကြေညာစာတမ်းအား အကောင်အထည်ဖော်ဆောင်နိုင်မှုနှင့်စပ်လျဉ်း၍ ကြိုဆိုပါကြောင်း။
- ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ချမှတ်ထားသည့် မဟာဗျူဟာများ၌ အာဆီယံဒေသတွင်းအဆင့်နှင့် နိုင်ငံတကာအဆင့် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးမူဝါဒများပါဝင်မှုကို အားပေးကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
(၁၈)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၂၅ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့ရာ မြန်မာနိုင်ငံအာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာအဆင့်မြင့်အရာရှိကြီး (SOMCA Leader) သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁၀-၂၀၂၂)
- ကိုဗစ်-၁၉ ကပ်ရောဂါအလွန်တွင် လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ယဉ်ကျေးမှုနှင့် အနုပညာသည် အရေးပါသောကဏ္ဍဖြစ်။
- အာဆီယံအပေါင်းသုံးဆွေးနွေးဖက်နိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့နှင့် ယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်နှင့် ခိုင်မာအားကောင်းလာ စေရန်အတွက် ၂၀၂၅ အလွန် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်အား ပိုမိုအားကောင်းစေရေး ဆောင်ရွက်သွားကြမည်ဖြစ်။
Add new comment