ကျွဲပွဲ-ဇရပ်ကြီးသွားကားလမ်းပေါ်ရှိ သင်္ကန်းတုန်းချောင်းကူးတံတားအား PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

      အောက်တိုဘာလ ၂၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျွဲပွဲ-ဇရပ်ကြီးသွားကားလမ်းပေါ်ရှိ အရှည် ၁၀၅ ပေ၊ အကျယ် ၁၄ ပေ သံကူကွန်ကရစ်အမျိုးအစား သင်္ကန်းတုန်းချောင်းကူးတံတားအား PDF အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးခဲ့ရာ တံတားအလယ်ပိုင်း ၄၂ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရှိရပါသည်။

      နိုင်ငံရေးအစွန်းရောက် PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ ပြည်သူလူထုအပေါ်  အကြောက်တရားဖြင့် လွှမ်းမိုးလျက် စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများအား အကြောင်းမဲ့ ပြုလုပ်ကာ အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ်ထိခိုက်သေကြေနိုင်သည့် အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများရှိလာသည့်အတွက် ပြည်သူတစ်ရပ်လုံးက ၎င်းတို့၏ အကြမ်းဖက်မှုများအား ရွံရှာမုန်းတီးလျက်ရှိပါသည်။

    အဆိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိကြောင်းနှင့် တံတားပျက်စီးမှုအား သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၁၀-၂၀၂၂)

  • ကျွဲပွဲ-ဇရပ်ကြီးသွားကားလမ်းပေါ်ရှိ သင်္ကန်းတုန်းချောင်းကူးတံတားအား PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတားအလယ်ပိုင်း ပြိုကျပျက်စီးခဲ့ပြီး လက်ရှိတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွား လာနိုင်ခြင်းမရှိ။

Add new comment