နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ အောက်တိုဘာလ ၂၆ ရက်တွင် တိုက်ကြီးနှင့် မှော်ဘီတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တပ်နယ်ခန်းမများတွင် သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြား ခဲ့ရာတွင်-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်၊ အမျိုးသားရည်မှန်းချက် ၂ ရပ် နှင့် နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း အကြောင်းအရင်းနှင့် ဆောင်ရွက်နေမှု အခြေ အနေများ၊
- တပ်မတော်နှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူချိန်မှစပြီး စားရေရိက္ခာပြည့်ဝဖူလုံရေးအတွက် တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးကို မူဝါဒများချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ သဖြင့် တပ်တွင်းစားဝတ်နေရေးကို အဆင်ပြေစေပြီး ဖူလုံပိုလျှံသော ထွက်ကုန်များကို ဒေသခံပြည်သူများသို့ သက်သာသောနှုန်းထားများဖြင့် ရောင်းချနိုင်ခဲ့သည့် အခြေအနေများ၊
- နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ၂၄ နာရီ အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်ရန် လုံခြုံရေးအသိ၊ လုံခြုံရေးသတိမပြတ်ရှိနေရန် လိုအပ်သည့် အခြေအနေများ၊
- တပ်တည်ဆောက်ရေးလုပ်ငန်းကြီး ၄ ရပ်နှင့်တပ်နေပျော်ရေးတို့ကို အဆက်မပြတ် အကောင်ထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အရာရှိ/စစ်သည်/ မိသားစုဝင်များအနေဖြင့် အသိမှန်မှ အလုပ်မှန်မည်ဖြစ်၍ အသိမှန်စေရေး အသေးစိတ်ရှင်း လင်းမှာကြားခဲ့ပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် တပ်နယ်များအလိုက် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၁၀-၂၀၂၂)
|
Add new comment