လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင်ပါရှိရေး၊ မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာ မဲပေးခွင့်ရရှိရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။

        ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည်-

  • အောက်တိုဘာလ ၁၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေး၊ မဲရုံတည်နေရာ သတ်မှတ်အတည်ပြုနိုင်ရေးနှင့် မဲရုံသုံးပစ္စည်းများ လိုအပ်ချက်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့။
  • အောက်တိုဘာလ ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေး၊ မဲရုံတည်နေရာ သတ်မှတ်အတည်ပြုနိုင်ရေးနှင့် မဲရုံသုံးပစ္စည်းများ လိုအပ်ချက်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့။
  • အောက်တိုဘာလ ၂၀ ရက်တွင် မွန်ပြည်နယ်အတွင်း၌ မြို့နယ်အသီးသီး၏ လျာထားမဲဆန္ဒရှင်စာရင်းများအား စိစစ်ခြင်း၊ လျာထားမဲရုံတည်နေရာများအား စိစစ်အတည်ပြုခြင်းများအပြင် မြို့နယ်အသီးသီးတွင် အသုံးပြုမည့်မဲရုံ သုံးပစ္စည်းများနှင့်စပ်လျဉ်း ၍ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့။
  • ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်၏ အခြေခံလူဦးရေ လစဉ်စိစစ်တိုက်ဆိုင်မှုနှင့် အဆိုပြုမဲရုံများ လျာထားသတ်မှတ်ခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁၂ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၂၀ ရက်တွင် တိုင်းဒေသကြီးနယ်မြေရှိ မြို့နယ် အားလုံး ဆောင်ရွက်ပြီးစီးခဲ့။
  • အောက်တိုဘာလ ၂၃ ရက်တွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၌ မဲစာရင်းမှန်ကန်ရေး စိစစ်ဆောင်ရွက်ခြင်းနှင့် မဲရုံလျာထားသတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့။

        ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် လုပ်ငန်းစဉ်(၁)ပါ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစဉ်(၅)နှင့်အရ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁၀-၂၀၂၂)

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး၊ မဲရုံတည်နေရာ သတ်မှတ်အတည်ပြုနိုင်ရေးနှင့် မဲရုံသုံးပစ္စည်းများ လိုအပ်ချက်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့။
  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် လုပ်ငန်းစဉ်(၁)ပါ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစဉ်(၅)နှင့်အရ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိ။

Add new comment