လုံခြုံရေးတပ်ဖွဲ့ဝင်များက ဗန်းမောက်မြို့နယ်၊ မံယူးကြီးကျေးရွာအနီး နယ်မြေတည်ငြိမ်အေးချမ်းရေးဆောင်ရွက်မှုအပေါ် Khit Thit Media က မဟုတ်မမှန်သတင်းများ ထုတ်ပြန်

     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့အကျိုးအတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များအပေါ် မမှန်သတင်းများ အမြဲတမ်းထုတ်လွှင့်နေသည့် တရားမဝင်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media အနေဖြင့် ဗန်းမောက်မြို့နယ်အတွင်းရှိ ဆေးရုံ ၂ ခုအား တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မဟုတ်မမှန်သတင်းအား  အောက်တိုဘာလ ၂၃ ရက်တွင် လူမှုကွန်ရက်များပေါ်၌ ကောလာဟလ သတင်းများ ထုတ်လွှင့်ခဲ့ပါသည်။

        ဖြစ်စဉ်အမှန်မှာ-

  • ကချင်ပြည်နယ်အတွင်းသာ စုဖွဲ့လှုပ်ရှားသည့် KIA အနေဖြင့် နိုင်ငံရေးအရ အခွင့်အရေးရယူရန် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးနယ်စပ်အနီး ဗန်းမောက်မြို့နယ်အတွင်းရှိ မံယူးကြီးနယ်မြေအတွင်း PDF အမည်ခံ အကြမ်းဖက်သမားများကို စုစည်း၍ မြစ်ကြီးနား၊ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်၊ ကားလမ်းကြောင်းနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများနှင့် ယန္တရားများအား နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်လျက်ရှိသည့်အပြင် ဗန်းမောက်နှင့် ပင်လည်ဘူးမြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာများနှင့် ရုံး၊ အဆောက်အဦများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်အတွင်း အင်အားသုံး၍ အနီးကပ်နှင့် အဝေးမှ နှောင့်ယှက်ပစ်ခတ်ခဲ့ခြင်း (၇၈)ကြိမ် နှောင့်ယှက်တိုက်ခိုက်ခဲ့။
  • KIA အဖွဲ့မှ ဒူဂျွန်၊ ဒူကဘာလအောင်ဆိုသူများ ဦးဆောင်၍ ဗန်းမောက်မြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်ကြား မံယူးကြီးကျေးရွာအနီးတစ်ဝိုက်ရှိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့သို့ ဆန္ဒမရှိသည့် ကျေးရွာသူ၊ ကျေးရွာသားများအား PDF အဖွဲ့သို့ ဝင်ရောက် ရန် အတင်းအဓမ္မခြိမ်းခြောက် စုဆောင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်အဖွဲ့ဝင်အဖြစ် စည်းရုံး၍မရသော ကျေးရွာအုပ်စုများကို ရက်သတ်မှတ်လျက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ခြင်းမရှိပါက ရွာလုံးကျွတ် အကြမ်းဖက် ခြင်းများ ဆောင် ရွက်လျက်ရှိ။
  • ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များနှင့် အကြမ်းဖက်အဖွဲ့အစည်းသို့ အဓမ္မသိမ်းသွင်းသည့် ရွံရှာစက်ဆုပ်ဖွယ်လုပ်ရပ်များကို ကျေနပ်မှုမရှိကြသော ကျေးရွာအုပ်စုအချို့ရှိ ပြည်သူတို့က KIA  နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ အကြမ်းဖက်လုပ်ရပ် များ ပြုလုပ်ရန် အောက်တိုဘာလ ၂၀ ရက်တွင် မံယူးကြီးကျေးရွာအတွင်း အစည်းအဝေးပြုလုပ်ရန်ရှိကြောင်းနှင့် အဆိုပါအစည်းအဝေး၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့အစည်းသို့ ဝင်ရောက်ခြင်းမရှိသေးသည့် ဆန္ဒမပြုသည့် ကျေးရွာအုပ်စုများအား အဓမ္မသိမ်းသွင်းခြင်းနှင့် မရပါက နောက်ဆုံးအဆင့် အကြမ်းဖက်မှုများ ပြုလုပ်ရန်ရှိသဖြင့် အောက်တိုဘာလ ၁၉ ရက်တွင် ဗန်းမောက်မှ (၅၈)ကီလိုမီတာခန့်ရှိ ပင်လည်ဘူး၊ (၆၀) ကီလိုမီတာခန့်ရှိ  ဝန်းသိုမြို့တွင်  ခေတ္တအခြေပြုနေသည့် ပင်လည်ဘူး၊ ဝန်းသိုနယ်မြေရှိ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အချိန်၊ နေရာအတိအကျဖြင့် သတင်းပေးပို့လာခဲ့။

      တပ်မတော်အနေဖြင့် အေးချမ်းမှုကို လိုလားသော ကျေးရွာသူ၊  ကျေးရွာသားများ၏ ဆန္ဒနှင့်အညီ အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အချိန်မီဟန့်တားနိုင်ရေး ဗန်းမောက်မြို့နှင့် ၃၂ ကီလိုမီတာ ဝေးကွာသည့် မံယူးကြီးကျေးရွာအား အချိန်နှင့် မြေနေရာ ကန့်သတ်ချက်များအရ ၎င်းတို့အစည်းအဝေးလုပ်သည့်နေရာသို့ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် လေကြောင်းမှ အကန့်အသတ်ဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ရာ အဆိုပါအကြမ်းဖက်လုပ်ဆောင်မည့် အစည်းအဝေးများလည်း ပျက်ပြားခဲ့ပြီးနောက် အေးချမ်းမှုကို လိုလားသည့် ကျေးရွာအုပ်စုများမှလည်း မူလသတင်းပို့သည့် လုံခြုံရေးတပ်ဖွဲ့သို့ မိမိတို့အကြမ်းဖက်အဖွဲ့များ မဖြစ်ရေးနှင့်  ကျေးရွာသို့အကြမ်းဖက်မှုမှ အကာအကွယ်ပေးကူညီမှုကို ကျေးဇူးတင်ရှိကြောင်း လျှို့ဝှက်စွာ ဆက်သွယ်သတင်းပို့ခဲ့ပါသည်။

      အထက်ပါဖြစ်စဉ်အား လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့သည့် ကျေးရွာအုပ်စုများ၏ လုံခြုံရေးအတွက် တရားဝင်သတင်းမထုတ်ပြန်သော်လည်း အွန်လိုင်းမီဒီယာများမှ နိုင်ငံအတွင်းနှင့် နိုင်ငံတကာမှ အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးကောလာဟလ ထုတ်လွှင့်မှုကြောင့် ဖြစ်စဉ်အမှန်အား ယခုကဲ့သို့ သတင်းမှန်ထုတ်ပြန်ခြင်းဖြစ်ပြီး လျှို့ဝှက်သတင်းပေးပို့ဆက်သွယ်ခဲ့သည့် ကျေးရွာအုပ်စုများနှင့် လူပုဂ္ဂိုလ်များ၏ လုံခြုံရေးအကျိုးငှာ တရားဝင်ထုတ်ပြန်သွားမည်မဟုတ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် လိုအပ်သည့် သောင်းကျန်းသူချေမှုန်းရေး၊ စစ်ဆင်ရေးများကို ဂျီနီဗာကွန်ဗန်းရှင်း (၄)ရပ်ကို အခြေခံသောလက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေ(Law of Armed Conflict) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိသည့် ထိတွေ့တိုက်ခိုက်မှု ဆိုင်ရာစည်းမျဉ်း(Rules of  Engagement-ROE )အတိုင်း ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၁၀-၂၀၂၂)

  • KIA အနေဖြင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးနယ်စပ်အနီး ဗန်းမောက်မြို့နယ်တွင်းရှိ မံယူးကြီးနယ်မြေအတွင်း PDF အမည်ခံ အကြမ်းဖက်သမားများကို စုစည်း၍ မြစ်ကြီးနား၊ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်၊ ကားလမ်းကြောင်းနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများနှင့် ယန္တရားများအား နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်လျက်ရှိသည့်အပြင် အစိုးရဌာနဆိုင်ရာများနှင့် ရုံး၊ အဆောက်အဦများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ် အတွင်း အင်အားသုံး၍ အနီးကပ်နှင့် အဝေးမှ နှောင့်ယှက်ပစ်ခတ်ခဲ့ခြင်း (၇၈)ကြိမ် နှောင့်ယှက်တိုက်ခိုက်ခဲ့။
  • PDF အမည်ခံ အကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ရန် ဆန္ဒမရှိသည့် ကျေးရွာသူ၊ ကျေးရွာသားများအား အတင်းအဓမ္မ ခြိမ်းခြောက်စုဆောင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်အဖွဲ့ဝင်အဖြစ် စည်းရုံး၍မရသော ကျေးရွာအုပ်စုများကို ရက် သတ်မှတ်လျက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ခြင်းမရှိပါက ရွာလုံးကျွတ် အကြမ်းဖက်ခြင်းများ ဆောင်ရွက်လျက်ရှိ။
  • ရွံရှာစက်ဆုပ်ဖွယ်လုပ်ရပ်များကို ကျေနပ်မှုမရှိကြသော ကျေးရွာအုပ်စုအချို့ရှိ ပြည်သူတို့က KIA  နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ရန် အစည်းအဝေးပြုလုပ်မည့်သတင်းအား နယ်မြေရှိ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ အချိန်၊ နေရာအတိအကျဖြင့် သတင်းပေးပို့လာခဲ့။
  • လျှို့ဝှက်သတင်းပေးပို့ဆက်သွယ်ခဲ့သည့်ကျေးရွာအုပ်စုများနှင့် လူပုဂ္ဂိုလ်များ၏ လုံခြုံရေးအကျိုးငှာ တရားဝင်ထုတ်ပြန်သွားမည်မဟုတ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် လိုအပ်သည့် သောင်းကျန်းသူချေမှုန်းရေး၊ စစ်ဆင်ရေးများကို ဂျီနီဗာကွန်ဗန်းရှင်း()ရပ်ကို အခြေခံသော လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိသည့် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း- ROE အတိုင်း ဆက်လက် ဆောင်ရွက်လျက်ရှိ။

Add new comment