PDF အကြမ်းဖက်အဖွဲ့က ကော့ကရိတ်မြို့နယ်ရှိ စစ်ရေးနှင့်မသက်ဆိုင်သော အခြေခံပညာအထက်တန်းကျောင်း (ချောင်းတောင်)အား Drone ယာဉ်အသုံးပြုကာ လေကြောင်းမှ ဗုံးခွဲတိုက်ခိုက်ဖျက်ဆီး

        အောက်တိုဘာလ ၂၄ ရက်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ရေးနှင့်မသက်ဆိုင်သော အခြေခံပညာအထက်တန်းကျောင်း (ချောင်းတောင်)အား PDF အကြမ်းဖက်အဖွဲ့က Drone ယာဉ်အသုံးပြု၍ လက်လုပ်ဗုံးသီးများဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ပါသည်။ အဆိုပါဗုံးခွဲတိုက်ခိုက်မှုကြောင့် ကျောင်းဝန်းအတွင်းရှိ ဆရာ၊ ဆရာမများနေထိုင်ရန် အသစ်ဆောက်လုပ်ထားသည့် ၂ ထပ်ဆောင်ပေါ်သို့ ဗုံးသီး ၂ လုံး၊ ကျောင်းနှင့်ကပ်လျက်ရှိ နေအိမ်ဘက်သို့ ဗုံးသီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းဆောင်အမိုးများ ပေါက်ပြဲ ပျက်စီးခဲ့ပြီး လူနေအိမ်ရှိ ဒေါ်ခင်သန်းနွယ်တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိပါသည်။

       စစ်ရေးနှင့်မသက်ဆိုင်သော စာသင်ကျောင်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားသည့်နေရာများကို ရည်ရွယ်ချက်ရှိစွာဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်ခြင်းဖြစ်ပါသည်။ NUG ၏လက်ဝေခံ PDF အကြမ်းဖက်သမားများသည် လူငယ်၊ လူရွယ်များ၏ အနာဂတ်ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ သင်ကြားပေးလျက်ရှိသည်ကို မလိုလားသဖြင့် ယခုကဲ့သို့ စာသင်ကျောင်းများကို နည်းမျိုးစုံဖြင့် တိုက်ခိုက်ဖျက်ဆီးလျက်ရှိသည့်အပြင် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ထိခိုက်သေကြေနိုင်သည့် အကြမ်းဖက်လုပ်ရပ်များအား ဆက်တိုက်ကျူးလွန်နေသည့်အတွက် ပြည်သူများမှ အဆိုပါအကြမ်းဖက်သမားများအား  ရွံရှာမုန်းတီးလျက်ရှိပြီး ၎င်းတို့၏လုပ်ရပ်များအပေါ်  ဝိုင်းဝန်းဆန့်ကျင်လျက်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၁၀-၂၀၂၂)

  • PDF အကြမ်းဖက်အဖွဲ့က ကော့ကရိတ်မြို့နယ်ရှိ စစ်ရေးနှင့်မသက်ဆိုင်သော အခြေခံပညာအထက်တန်းကျောင်း(ချောင်းတောင်)အား Drone ယာဉ်အသုံးပြုကာ လေကြောင်းမှ ဗုံးခွဲတိုက်ခိုက်ဖျက်ဆီးခဲ့သဖြင့် ကျောင်းဝန်းအတွင်းရှိ ဆရာ၊ ဆရာမများ နေထိုင်ရန် အသစ်ဆောက်လုပ်ထားသည့် ၂ ထပ်ဆောင်ပေါ်သို့ ဗုံးသီး ၂ လုံး၊ ကျောင်းနှင့်ကပ်လျက်ရှိ နေအိမ်ဘက်သို့ ဗုံးသီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းဆောင်အမိုးများ ပေါက်ပြဲပျက်စီးခဲ့ပြီး ဒေါ်ခင်သန်းနွယ်တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့။
  • စစ်ရေးနှင့်မသက်ဆိုင်သော စာသင်ကျောင်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားသည့်နေရာများကို ရည်ရွယ်ချက်ရှိစွာဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ အကြမ်းဖက်မှုလုပ်ရပ်များကို  ကျူးလွန်ခြင်းဖြစ်။

Add new comment