ဖားကန့်နယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း (Rules of Engagement-ROE) အတိုင်းဆောင်ရွက်

          Khit Thit Media အပါအဝင် သတင်းလိမ်၊ သတင်းတု၊ သတင်းမှား ဖော်ပြနေကြသည့် Online Media များက ဖားကန့်တေးဂီတဖျော်ဖြေပွဲအား တပ်မတော်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အပြစ်မဲ့ပြည်သူများနှင့် ကချင်ဝါရင့်အဆိုရှင်အချို့ သေဆုံးခဲ့ကြောင်း လူမှုကွန်ယက်တွင် ကောလာဟလသတင်းများ ဖြန့်ဝေလျက်ရှိရာ အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့် နေရာအတိအကျမှာ ဖားကန့်နယ်မြေအတွင်းရှိ KIA တပ်မဟာ(၉)၏ ဌာနချုပ်နယ်မြေဖြစ်ပြီး ၎င်းနေရာသို့ တရားမဝင်စီးပွားရေး ဆက်သွယ်လုပ်ကိုင်ရန်အတွက် ကျောက် သူဌေးအချို့နှင့် KIA လက်နက်ကိုင်တပ်ဖွဲ့များသာ ဝင်ရောက်နိုင်သည့်နေရာဖြစ်ကာ အများပြည်သူသွားလာရန် လုံခြုံရေးအရ ကန့်သတ်ချက်ရှိသော အကြမ်းဖက်သောင်းကျန်းသူများ၏ စစ်ရေးလှုပ်ရှားရာနယ်မြေတစ်ခုသာ ဖြစ်ပါသည်။

          KIA တပ်မဟာ(၉)နှင့် နောက်လိုက် KIA အဖွဲ့များအနေဖြင့်-

  • ဖားကန့်နယ်မြေနှင့် ခန္တီး၊ ဟုမ္မလင်းနယ်မြေစပ်ကြား ဆည်ဇင်းကျေးရွာနှင့် ပတ်ဝန်းကျင်နေရာများသို့ PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့နှင့်အတူ သာလွန်အင်အားဖြင့် (၉)ကြိမ် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်း။
  • ဟုမ္မလင်း၊ ရေပေါ်မီးနှင့် ဆက်စပ်နယ်မြေအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့၏ အလစ်အငိုက်တွင် ဝင်ရောက်၍ ဆက်ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်း။
  • ခန္တီးမြို့အနီး နိုင်ငံတော်သို့တရားဝင် အခွန်တော်ငွေပေးဆောင်၍ ကျောက်စိမ်းတူးဖော်နေသည့် နန်စီပွန်လုပ်ကွက်ရှိ လုံခြုံရေးရဲစခန်းကိုလည်း ၂၀၂၁ မေလအတွင်း သာလွန်အင်အားဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်း။
  • လုပ်ငန်းခွင်ပိုင်ယန္တရားများကိုလည်း ကစဉ့်ကလျား ပြန်လည်ဆုတ်ခွာချိန်၌ မီးရှို့ ဖျက်ဆီးခြင်း။
  • ကံဆီး၊ လုံးခင်၊ ဖားကန့်ရဲစခန်းများအား အကြိမ်ကြိမ်နှောင့်ယှက်တိုက်ခိုက်ခြင်းများအပြင် ကံဆီး၊ လုံးခင်း၊ နန့်ယား၊ မိုးကောင်းကားလမ်းတစ်လျှောက်နှင့် တပ်မတော်စခန်းများအား ၂၀၂၁ ခုနှစ်မှ ယနေ့ကာလအထိ အလစ်အငိုက်ရယူကာ (၁၁)ကြိမ်အထိ နှောင့်ယှက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     အောက်တိုဘာလ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်များတွင် မိုးမောက်မြို့နယ်အနီးရှိ တပ်မတော်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြိမ်ကြိမ်ပြင်းထန်စွာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့်အပြင် ဗန်းမောက်သို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သယ်ပို့နေသည့် ခရီးသည်တင်ရေယာဉ်များနှင့် စက်လှေများအား အကြိမ်ကြိမ် အကြောင်းမဲ့ ပစ်ခတ်နေမှုတို့ကြောင့် တပ်မတော်အနေဖြင့် KIA တပ်မဟာ(၉)နယ်မြေအား လိုအပ်သော စစ်ဆင်ရေးများ တန်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ သတင်းလိမ်မီဒီယာများက ဖော်ပြခဲ့သည့် ပြည်သူ ၅၀ ကျော်နှင့် အနုပညာရှင်များ သေဆုံးခဲ့ရသည်ဟူသော ထုတ်ပြန်ချက်သည် ကောလာဟလသာဖြစ်၍ အတည်ပြုနိုင်သော မြေပြင်သတင်းများနှင့် လိုင်ဇာ၊ KIO ဗဟိုဌာနချုပ်၏ အတွင်းသတင်းများအရ တပ်မဟာမှူးအဆင့်ရှိ ရှရော်လဆိုင်း၊ ဒုတပ်မဟာမှူးအဆင့်ရှိ ဇယ်တောင်၊ တိုက်နယ်မှူးအဆင့်ရှိ ဒူကဘာလအောင်၊ သယံဇာတတိုင်းတာရေးတာဝန်ခံဆိုသူ ဖေရန်တို့အပါအဝင် KIA နှင့် PDF အကြမ်းဖက်အဖွဲ့ဝင်များသာ သေဆုံးခဲ့ခြင်းဖြစ်ပါသည် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်ချမ်းရေးတို့အတွက် လိုအပ်သည့် သောင်းကျန်းသူချေမှုန်းရေး၊ စစ်ဆင်ရေးများကို ဂျီနီဗာကွန်ဗန်းရှင်း (၄) ရပ်ကို အခြေခံသော လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေ (Law of Armed Conflict) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိသည့် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း (Rules of Engagement-ROE)အတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။            

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၁၀-၂၀၂၂)

  • KIA တပ်မဟာ (၉)၏ ဌာနချုပ်နယ်မြေသည် ၎င်းနေရာသို့ တရားမဝင်စီးပွားရေး ဆက်သွယ်လုပ်ကိုင်ရန်အတွက် ကျောက်သူဌေးအချို့နှင့် KIA လက်နက်ကိုင်တပ်ဖွဲ့များ သာ ဝင်ရောက်နိုင်သည့် နေရာဖြစ်ကာ အများပြည်သူသွားလာရန် လုံခြုံရေးအရ ကန့်သတ်ချက်ရှိသော အကြမ်းဖက်သောင်းကျန်းသူများ၏ စစ်ရေးလှုပ်ရှားရာ နယ်မြေ တစ်ခုသာဖြစ်။
  • KIA တပ်မဟာ(၉)နှင့် နောက်လိုက် KIA အဖွဲ့များသည် ဖားကန့်နယ်မြေနှင့် ခန္တီး၊ ဟုမ္မလင်းနယ်မြေစပ်ကြား ဆည်ဇင်းကျေးရွာနှင့် ပတ်ဝန်းကျင်နေရာများသို့ PDF အကြမ်းဖက်အဖွဲ့နှင့်ပူးပေါင်း၍ သာလွန်အင်အားဖြင့် (၉)ကြိမ် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့။
  • ဟုမ္မလင်း၊ ရေပေါ်မီးနှင့် ဆက်စပ်နယ်မြေအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့၏ အလစ် အငိုက်တွင် ဝင်ရောက်၍ ဆက်ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် ခန္တီးမြို့အနီး နိုင်ငံတော်သို့တရားဝင် အခွန်တော်ငွေပေးဆောင်၍ ကျောက်စိမ်းတူးဖော်နေသည့် နန်စီပွန်လုပ်ကွက်ရှိ လုံခြုံရေးရဲစခန်းကိုလည်း ၂၀၂၁ မေလအတွင်း သာလွန်အင်အား ဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လုပ်ငန်းခွင်ပိုင်ယန္တရားများကိုလည်း ကစဉ့်ကလျား ပြန်လည်ဆုတ်ခွာချိန်၌ မီးရှို့ဖျက်ဆီးခဲ့။
  • ကံဆီး၊ လုံးခင်၊ ဖားကန့်ရဲစခန်းများအား အကြိမ်ကြိမ် နှောင့်ယှက်တိုက်ခိုက်ခြင်းများ အပြင် ကံဆီး၊ လုံးခင်း၊ နန့်ယား၊ မိုးကောင်း ကားလမ်းတစ်လျှောက်နှင့် တပ်မတော် စခန်းများအား ၂၀၂၁ ခုနှစ်မှ ယနေ့ကာလအထိ အလစ်အငိုက်ရယူကာ (၁၁)ကြိမ်အထိ နှောင့်ယှက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့။
  • လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်ချမ်းရေးတို့ အတွက် လိုအပ်သည့် သောင်းကျန်းသူချေမှုန်းရေး၊ စစ်ဆင်ရေးများကို ဂျီနီဗာကွန်ဗန်းရှင်း (၄) ရပ်ကို အခြေခံသော လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေ (Law of Armed Conflict)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိသည့် ထိတွေ့တိုက်ခိုက် မှုဆိုင်ရာစည်းမျဉ်း (Rules of Engagement-ROE)အတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိ။

Add new comment