ပင်လည်ဘူးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်ရန် အင်ဂါးကျေးရွာသို့ ရောက်ရှိနေသည့် အကြမ်းဖက်အဖွဲ့များအား ဝင်ရောက်ဖမ်းဆီး

ဇန်နဝါရီလ ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင် ရန်အတွက်  KIA နှင့် PDF အမည်ခံ အကြမ်းဖက်သမားအင်အား ၈၀ ဦးခန့်သည် အင်ဂါးကျေးရွာသို့ ရောက်ရှိနေကြောင်း  ဆူပူအကြမ်းဖက်မှုကိုမလိုလားသည့် ကျေးရွာသားအချို့က ကျေးရွာအနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်ဆက်သွယ် အကြောင်းကြားသတင်းပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးစဉ် အကြမ်းဖက်သမားများနှင့် အပြန်အလှန် ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ အကြမ်းဖက်သမားများ ကျေးရွာ၏အရှေ့မြောက်ဘက်သို့ ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

 ၎င်းတို့ထံမှ လက်လုပ်သေနတ် ၃ လက်၊ အိုင်ကွန် အထိုင်စက်(အကြီး) ၁ လုံး၊ လမ်းလျှောက်စကားပြောစက် ၁ လုံး နှင့် ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ရာတွင် အသုံးပြုသည့်ဆက် စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါသည်။

အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့တွင်း ဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန်ခဲ့ပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းလိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်ခဲ့ပြီး ကျေးရွာ အတွင်းရှိ အကြမ်းဖက်မှုတွင် ပါဝင်ခြင်းမရှိသည့် ကျေးရွာသူ၊ ကျေးရွာသား ၁၇၉ ဦးတို့အား လိုအပ်သည့်ကူညီထောက်ပံ့မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

  • ပင်လည်ဘူးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် KIA နှင့် PDF အမည်ခံအကြမ်း ဖက်သမားအင်အား ၈၀ ဦးခန့်သည် အင်ဂါးကျေးရွာသို့ ရောက်ရှိနေကြောင်း ကျေးရွာသားအချို့က သတင်းပို့လာ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးစဉ် အကြမ်းဖက်သမားများနှင့် အပြန်အလှန်ထိတွေ့ပစ်ခတ် မှုများဖြစ်ပွားခဲ့ကာ ၎င်းတို့ထံမှ လက်လုပ်သေနတ် ၃ လက်၊ အိုင်ကွန်အထိုင်စက်(အကြီး) ၁ လုံး၊ လမ်းလျှောက် စကားပြောစက် ၁ လုံးနှင့် ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများအား သိမ်း ဆည်းရမိခဲ့။
  • အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့တွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေး လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက် သွားလာမှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သတင်း ထုတ်ပြန်ခဲ့။

 

 

Add new comment