မြို့နယ်အချို့၌ PDF အကြမ်းဖက်သမားများက ပညာရေးကဏ္ဍမြင့်မားရေးကို နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီး

         အစွန်းရောက် PDF အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုအား ထိခိုက်ဒဏ်ရာရရှိစေရန်ရည်ရွယ်၍ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များကို ငွေကြေးထောက်ပံ့မှုများရယူကာ အများပြည်သူပိုင်နေရာများတွင် လက်လုပ်ဗုံး/မိုင်းများဖြင့် ဖောက်ခွဲပစ်ပေါက်တိုက်ခိုက်ခြင်းများ၊ ပညာရေးကဏ္ဍအတွက် အဓိကကျသော အဆောက်အဦများအား drone ယာဉ်များအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများအပြင် ပညာရေးဝန်ထမ်းများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်းနှင့် အကြောင်းမဲ့ သတ်ဖြတ်ခြင်းများဖြင့် ပြည်သူများ၏ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လာစေရန် အကြမ်းဖက်မှုများအား နည်းလမ်းမျိုးစုံသုံး၍ ပိုမိုလုပ်ဆောင်လျက်ရှိရာ-

  • အောက်တိုဘာလ ၂၀ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ဝဲပကျေးရွာအခြေခံပညာမူလတန်းကျောင်း၏ ကျောင်းအုပ်ဆရာဖြစ်သည့် ဦးနောင်နောင်စိုး (၄၀)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က ၎င်း၏နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်ပြီးနောက် ဦးစိုးထိုက် (၃၇)နှစ်၏ နေအိမ်သို့ထပ်မံဝင်ရောက်ကာ ဦးစိုးထိုက်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ပြန်လည် ထွက်ခွာသွားခဲ့သဖြင့် ဦးနောင်နောင်စိုးတွင် ဦးခေါင်းနှင့် ရင်ဘတ်၌ ကျည်ထိမှန်ဒဏ်ရာ ၂ ချက် ဖြင့် သေဆုံးခဲ့ပြီး ဦးစိုးထိုက်တွင် ဝမ်းဗိုက်နှင့်ဝဲပေါင်တို့၌ ကျည်ထိမှန်ဒဏ်ရာ ၂ ချက်ရရှိခဲ့။
  • အောက်တိုဘာလ ၂၂ ရက်တွင် PDF အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာအတွင်းသို့ Drone ယာဉ် ၂ စီးအသုံး ပြု၍ Drop Bomb ၆ လုံးအား ဖြုတ်ချဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲအတွင်းရှိ စာသင်ကျောင်းပေါ်သို့ လက်လုပ်ဗုံး ၁ လုံး၊ စာသင်ကျောင်းဆောင်၏ အရှေ့တန်းစီကွင်းနှင့် လယ်ကွင်းအတွင်းတို့သို့ Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါအကြမ်းဖက်မှုများကျူးလွန်ခဲ့သည့် PDF အကြမ်းဖက်သမားများအား ရပ်ရွာလူထုတို့မှလည်း ကြောက်ရွံ့မုန်းတီးလျက်ရှိပြီး အမြန်ဆုံးဖမ်းဆီးအရေးယူပေးနိုင်ရေး လိုလားလျက်ရှိသည့်အတွက် အထက်ပါဖြစ်စဉ်များတွင် ပါဝင်ပတ် သက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၁၀-၂၀၂၂)

  • သရက်ချောင်းမြို့နယ်၊ ဝဲပကျေးရွာအခြေခံပညာမူလတန်းကျောင်း၏ ကျောင်းအုပ်ဆရာဖြစ်သည့် ဦးနောင်နောင်စိုးအား PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းနှင့် ရင်ဘတ်၌ ကျည်ထိမှန်ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးခဲ့ပြီး ဦးစိုးထိုက်၏ နေအိမ်သို့ထပ်မံဝင်ရောက်ကာ ဦးစိုးထိုက်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဝမ်းဗိုက်နှင့်ဝဲပေါင်တို့၌ ကျည်ထိမှန်ဒဏ်ရာ ၂ ချက်ရရှိခဲ့။
  • PDF အကြမ်းဖက်သမားများက ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာအတွင်းသို့ Drone ယာဉ် ၂ စီးအသုံးပြု၍ Drop Bomb ၆ လုံးအား ဖြုတ်ချဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲအတွင်းရှိ စာသင်ကျောင်းပေါ်သို့ Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့။

 

Add new comment