ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့်လှူဒါန်းသည့် ကလေးများတွင် ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Vaccine (၁၀၀,၀၀၀) doses နှင့် ဆေးထိုးအပ်များသည် အောက်တိုဘာလ ၂၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများက အသီးသီးလွှဲပြောင်းလက်ခံခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှီးနွယ်ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား အခြေခံပညာကျောင်းသား/သူများအား ထိုးနှံပေးလျက်ရှိရာ အကြိမ်ပြည့်ထိုးနှံပြီးစီးမှု (၉၄.၃၅) ရာခိုင်နှုန်းရှိပြီး ကျောင်းပြင်ပ ကလေးများအား အကြိမ်ပြည့်ထိုးနှံပြီးစီးမှု (၇.၈၉) ရာခိုင်နှုန်းရှိပြီဖြစ်ပါသည်။ ယခုထိုင်းနိုင်ငံမှ လှူဒါန်းသည့် ကလေးများတွင် ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer Vaccine များအား အသက် (၅) နှစ်မှ (၁၁) နှစ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော အခြေခံပညာကျောင်းသား/သူများနှင့် ကျောင်းပြင်ပကလေးများအား ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁၀-၂၀၂၂)
- အောက်တိုဘာလ ၂၁ ရက်တွင် ထိုင်းနိုင်ငံမှလှူဒါန်းသော Pfizer Vaccine (၁၀၀, ၀၀၀) doses နှင့် ဆေးထိုးအပ်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့။
- ယခုထိုင်းနိုင်ငံမှ လှူဒါန်းသည့် ကလေးများတွင် ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား အသက် (၅) နှစ်မှ (၁၁) နှစ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော အခြေခံပညာကျောင်းသား/သူများနှင့် ကျောင်းပြင်ပ ကလေးများအား ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ။
Add new comment