ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Association of World Election Bodies(A-WEB) ၏ (၅)ကြိမ်မြောက် အထွေထွေညီလာခံသို့တက်ရောက်ခဲ့

        ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် တောင်အာဖရိကနိုင်ငံရွေးကောက်ပွဲကော်မရှင်နှင့် Association of World Election Bodies (A-WEB) တို့၏ ဖိတ်ကြားချက်အရ တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့၌ အောက်တိုဘာလ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။

     အဆိုပါအထွေထွေညီလာခံသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အပါအဝင် နိုင်ငံပေါင်း ၆၃ နိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၄၀ ကျော်၊ တောင်အာဖရိကနိုင်ငံရွေးကောက်ပွဲကော်မရှင်နှင့် A-WEB မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ပါသည်။

        ညီလာခံတွင်-

  • ယခင်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သော အိန္ဒိယနိုင်ငံရွေးကောက်ပွဲကော်မရှင်မှ ဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ယူဆောင်ရွက်မည့် တောင်အာဖရိကနိုင်ငံရွေးကောက်ပွဲကော်မရှင်ထံသို့ A-WEB အဖွဲ့အစည်း၏အလံအား လွှဲပြောင်းပေးအပ်ခဲ့ကာ နောင်လာမည့် A-WEB ၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့်နိုင်ငံနှင့် Executive Board Member များ ခန့်အပ်နိုင်ရေး မဲပေးရွေးချယ်ခြင်းနှင့် အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့။
  • “Safeguarding Election Management Bodies in the Age of Global Democratic Recession” ညီလာခံကို ခေါင်းစဉ်ငါးခုဖြင့် ကျင်းပခဲ့ရာ တက်ရောက်လာသူများက ပူးပေါင်းဆွေးနွေးခဲ့။
  • A-WEB အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရွေးကောက်ပွဲများတွင် ဒီမိုကရေစီစနစ်၏ ကောင်းမွန်သောအလေ့အကျင့်ကောင်းများကို မြှင့်တင်ပေးနိုင်ရေး ကူညီဆောင်ရွက် နေမှုများ၊ ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၏ အခန်း ကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့။

       အဆိုပါခရီးစဉ်အတွင်း A-WEB နှင့် တက်ရောက်လာကြသော အဖွဲ့ဝင်နိုင်ငံများမှ ရွေးကောက်ပွဲဆိုင်ရာအဖွဲ့အစည်းများ၏ ရွေးကောက်ပွဲများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ တောင်အာဖရိကနိုင်ငံ၏ဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ထင်ရှားသောနေ ရာများကို လေ့လာခွင့်ရရှိခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၁၀-၂၀၂၂)

  • Association of World Election Bodies (A-WEB) အထွေထွေညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့အပါအဝင် နိုင်ငံပေါင်း ၆၃ နိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ် ၁၄၀ ကျော်၊ တောင်အာဖရိကနိုင်ငံရွေးကောက်ပွဲကော် မရှင်နှင့် A-WEB မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့။
  • A-WEB အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရွေးကောက်ပွဲများတွင် ဒီမိုကရေစီစနစ်၏ ကောင်းမွန်သော အလေ့အကျင့်ကောင်းများကို မြှင့်တင်ပေးနိုင်ရေး ကူညီဆောင်ရွက်နေမှုများ၊ ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၏ အခန်းကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့။
  • ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် A-WEB နှင့် တက်ရောက်လာကြသော အဖွဲ့ဝင်နိုင်ငံများမှ ရွေးကောက်ပွဲဆိုင်ရာအဖွဲ့အစည်းများ၏ ရွေးကောက်ပွဲများနှင့်စပ်လျဉ်း၍ဆောင်ရွက်နေမှု၊ တောင်အာဖရိကနိုင်ငံ၏ ဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ထင်ရှားသောနေရာများကို လေ့လာခွင့်ရရှိခဲ့။

Add new comment