ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ မော်လမြိုင်မြို့၌ ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

      မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား အောက်တိုဘာလ ၁၂ရက်တွင် KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့ရာ ဘုရားဖူးပြည်သူ (၃) ဦး သေဆုံးခဲ့ပြီး (၁၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူလူထုမှ ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချလျက်ရှိပါသည်။

     အောက်တိုဘာလ ၂၂ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံဃာတော်များနှင့် အကြမ်းဖက်မှုများကို မလိုလားသော မော်လမြိုင်မြို့နေဒေသခံပြည်သူများ စုပေါင်း၍ သံလွင်ဉယျာဉ်ပန်းခြံအတွင်း “KNUNUGPDF တို့ ဗုဒ္ဓဘာသာကို အကြမ်းဖက်သောနေ့၊ ဘုရားဖူးပြည်သူများ အကြမ်းဖက်မှုကို ဆန့်ကျင်ကြ၊ KNLA တပ်မဟာ(၁) အကြမ်းဖက်အဖွဲ့ကို အလိုမရှိ၊ တရားမဝင် NUGCRPH အလိုမရှိ၊ NUGCRPH လက်ဝေခံ PDF အဖွဲ့ကို အလိုမရှိ စသည့် ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် အေးချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရ ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၁၀-၂၀၂၂)

  • မော်လမြိုင်မြို့ရှိ သံဃာတော်များနှင့် အကြမ်းဖက်မှုများကို မလိုလားသော မော်လမြိုင်မြို့နေ ဒေသခံပြည်သူများ စုပေါင်း၍ သံလွင်ဉယျာဉ်ပန်းခြံအတွင်း “KNUNUGPDF တို့ ဗုဒ္ဓဘာသာကို အကြမ်းဖက်သောနေ့၊ ဘုရားဖူးပြည်သူများ အကြမ်းဖက်မှုကို ဆန့်ကျင်ကြ၊ KNLA တပ်မဟာ(၁) အကြမ်းဖက်အဖွဲ့ကို အလိုမရှိ၊ တရားမဝင် NUGCRPH အလိုမရှိ၊ NUGCRPH လက်ဝေခံ PDF အဖွဲ့ကို အလိုမရှိစသည့် ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ  အေးချမ်းစွာဆန္ဒထုတ်ဖော်ခဲ့။

Add new comment