၂၀၂၂ ခုနှစ်၏ ပွင့်လင်းခရီးသွားရာသီအစဖြစ်သော နိုဝင်ဘာလဆန်းပိုင်းမှစ၍ ပုဂံဒေသသို့ နိုင်ငံခြားခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်မှုကို ရည်မှန်း၍ ခရီးသွားကဏ္ဍမြှင့်တင်မှုအနေဖြင့် ပုဂံယဉ်ကျေးမှုဒေသ၏ သဘာဝအလှတရားကို ဝေဟင်မှ ကြည့်ရှုခံစားနိုင်ရန် ပုဂံဒေသရှိ ဟိုတယ်များနှင့် မိုးပျံပူဖောင်းကုမ္ပဏီများက ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၁ ခုနှစ်၊ ခရီးသွားရာသီတွင် ကမ္ဘာ့ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ရပ်နားထားခဲ့ရပြီး လက်ရှိတွင် ကပ်ရောဂါဖြစ်ပွားနှုန်း လျော့နည်းလာမှုကြောင့် ခရီးသွားများ စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ ခရီးသွားလာနိုင်ရန် လေကြောင်းလိုင်းများနှင့် အတူ ခရီးသွားလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါသည်။ ပုံမှန်အားဖြင့် မိုးပျံပူဖောင်းစီးနင်းနိုင်သည့် ဝန်ဆောင်မှုများတွင် နိုင်ငံခြားသား ၁ ဦးလျှင် အမေရိကန် ဒေါ်လာ ၃၂၀ နှင့် ၄၂၀ စသည့် Class ၂ ခုရှိရာ လက်ရှိတွင် ရိုးရိုး Class ၁ ခုသာ ပျံသန်းပြီး ၁၆ ဦးစီးနင်းရာတွင် ၁ ဦးလျှင် အမေရိကန်ဒေါ်လာ ၂၀၀ ဖြင့် ပြည်တွင်း/ပြည်ပခရီးသွားများ စီးနိုင်အောင် ဝန်ဆောင်မှုပေးထားပါသည်။
ဧရိယာစတုရန်း ၁၉ မိုင်ကျယ်ဝန်းသော ပုဂံယဉ်ကျေးမှုဒေသတွင် မိုးပျံပူဖောင်းဝန်ဆောင်မှုပေးသောကုမ္ပဏီ ၄ ခုရှိပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်အထိ မိုးပျံပူဖောင်းဖြင့် ပြည်တွင်း/ပြည်ပခရီးသွားများကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၁-၁၀-၂၀၂၂)
- နိုင်ငံခြားခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်မှုကို ရည်မှန်း၍ ခရီးသွားကဏ္ဍမြှင့် တင်မှုအနေဖြင့် ပုဂံယဉ်ကျေးမှုဒေသ၏ သဘာဝအလှတရားကို ဝေဟင်မှ ကြည့်ရှု ခံစားနိုင်ရန် ပုဂံဒေသရှိ ဟိုတယ်များနှင့် မိုးပျံပူဖောင်းကုမ္ပဏီများက ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ။
- လက်ရှိတွင် ကပ်ရောဂါဖြစ်ပွားနှုန်း လျော့နည်းလာမှုကြောင့် ခရီးသွားများ စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ ခရီးသွားလာနိုင်ရန် လေကြောင်းလိုင်းများနှင့်အတူ ခရီးသွားလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့။
- ပုံမှန်အားဖြင့် မိုးပျံပူဖောင်းစီးနင်းနိုင်သည့် ဝန်ဆောင်မှုများတွင် နိုင်ငံခြားသား ၁ ဦးလျှင် အမေရိကန်ဒေါ်လာ ၃၂၀ နှင့် ၄၂၀ စသည့် Class ၂ ခုရှိရာ လက်ရှိတွင် ရိုးရိုး Class ၁ ခုသာပျံသန်းပြီး ၁၆ ဦးစီးနင်းရာတွင် ၁ ဦးလျှင် အမေရိကန်ဒေါ်လာ ၂၀၀ ဖြင့် ပြည်တွင်း/ပြည်ပခရီးသွားများ စီးနိုင်အောင် ဝန်ဆောင်မှုပေးထား။
Add new comment