နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာဘယ်လာရုစ်နိုင်ငံနှင့် နီပေါနိုင်ငံသံအမတ်ကြီးတို့ သံအမတ်ခန့်အပ်လွှာပေးအပ်

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Uladzimir Baravikouနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့သည် အောက်တိုဘာလ ၂၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ သီးခြားစီတွေ့ဆုံပြီး  ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာများကို ပေးအပ်ခဲ့ပါသည်။

   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် သံအမတ်ကြီးများ တွေ့ဆုံရာတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ရေးကိစ္စရပ်များ၊ စီးပွားရေးနှင့် ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေးနှင့်ကာကွယ်ရေးဆိုင်ရာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။

    အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် သံတမန်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန် တို့တက် ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁၀-၂၀၂၂)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံနှင့် နီပေါနိုင်ငံသံအမတ်ကြီးတို့အဖြစ် ခန့်အပ်ရန်ဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Uladzimir Baravikouနှင့် သံအမတ်ကြီး H.E. Mr. Harish- chandra Ghimire တို့သည် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ သီးခြားစီတွေ့ဆုံပြီး ၎င်းတို့၏သံအမတ်ခန့်အပ်လွှာများကို ပေးအပ်ခဲ့။
  • နိုင်ငံတော်ဝန်ကြီးချုပ်နှင့် သံအမတ်ကြီးများတွေ့ဆုံရာတွင် နှစ်နိုင်ငံသံတမန်ရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးနှင့် ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေးနှင့် ကာကွယ်ရေး ဆိုင်ရာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့။

Add new comment