အင်းစိန်ဗဟိုအကျဉ်းထောင်ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာအချို့၏ မဟုတ်မမှန် စွပ်စွဲချက်များအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဖြေကြားချက်

          ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ် အင်းစိန်ဗဟိုအကျဉ်းထောင်၌ ပေါက်ကွဲမှုဖြစ်ပွား၍ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအချို့နှင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုနှင့်စပ် လျဉ်း၍ အမည်ပျက်စာရင်းကြေညာခံထားရတဲ့  မီဒီယာတချို့က မိုင်းပေါက်ကွဲမှု ဖြစ်စဉ်အပြီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သဖြင့် ပြည်သူများသေဆုံးရခြင်းဟု မဟုတ်မမှန် ထုတ်လွှင့်ခဲ့ပါသည်။

          ၎င်းစွပ်စွဲချက်များအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ကြီး ဒေါ်အေးသဉ္ဇှာဇာကျော်က ဖြစ်စဉ်အမှန်အား ရှင်းလင်းပြောကြားရာတွင်-

  • အင်းစိန်ဗဟိုအကျဉ်းထောင်၏ ထောင်ဝင်စာလက်ခံသည့်နေရာတွင် မိုင်းပေါက် ကွဲမှုဖြစ်စဉ်ကြောင့် ဝန်ထမ်း ၃ ဦး၊ ကလေးအပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ဝန်ထမ်း ၅ ဦးနှင့် အရပ်သားပြည်သူ ၁၃ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း။
  • ယခုဖြစ်စဉ်ကို အမည်ပျက်စာရင်းကြေညာခံထားရသည့် မီဒီယာတချို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက  ပစ်ခတ်ခဲ့သဖြင့် ပြည်သူတွေသေဆုံးရသည်ဟု မဟုတ်မမှန် ထုတ်လွှင့်နေမှုနှင့်ပတ်သက်၍ သေဆုံးသွားသည့် အပြစ်မဲ့ပြည်သူများ၊ ဝန်ထမ်း များ၏ ရင်ခွဲစစ်ဆေးချက်အဖြေအရ လက်နက်ငယ်ဖောက်ဝင်ဒဏ်ရာကြောင့် သေဆုံးခဲ့သူ တစ်ဦးတစ်ယောက်မှမရှိဘဲ မိုင်းစထိမှန် သေဆုံးခဲ့ခြင်းသာဖြစ်ကြောင်း။
  • လက်ရှိမိုင်းပေါက်ကွဲသည့်နေရာနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားသည့် နေရာမှာ အကွာအဝေးအရဆိုလျှင် ယခုလိုပစ်ခတ်နိုင်သည့် အကွာအဝေးမဟုတ်သလို အတွင်းခန်းအဆောက်အအုံထဲမှာ မိုင်းပေါက်ကွဲမှုဖြစ်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့များ နေရာယူထားသည့် နေရာနှင့်ဆိုလျှင် ကျည်ကွယ်မျက်ကွယ်တွင်ဖြစ်၍  ပစ်ခတ်မည်ဆိုလျှင်ပင် ယခုကဲ့သို့ထိခိုက်နိုင်သည့် အနေအထားမျိုးမရှိသည့် နေရာဖြစ်ကြောင်း။

         အထက်ပါအချက်များအရ သေဆုံးဒဏ်ရာရသူများ၏  ရင်ခွဲစစ်ဆေးချက်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြန့်ခွဲနေရာယူထားသည့် အနေအထားများအားကြည့်လျှင် နာမည်ပျက်စာရင်းသွင်းခံထားရသည့် မီဒီယာအမည်ခံ ပြည်ဖျက်လိုသူတချို့၏ မဟုတ်မမှန် စွပ်စွဲချက်များသာဖြစ်ကြောင်း သိရှိရပါသည်။                           

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁၀-၂၀၂၂)

  • အင်းစိန်ဗဟိုအကျဉ်းထောင်၏ ထောင်ဝင်စာလက်ခံသည့်နေရာတွင် မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဝန်ထမ်း ၃ ဦး၊ ကလေးအပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ဝန်ထမ်း ၅ ဦးနှင့် အရပ်သားပြည်သူ ၁၃ ဦးမှာ ထိခိုက် ဒဏ်ရာရရှိခဲ့။
  • သေဆုံးဒဏ်ရာရသူများ၏  ရင်ခွဲစစ်ဆေးချက်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြန့်ခွဲနေရာယူထားသည့် အနေအထားများအားကြည့်လျှင် နာမည်ပျက်စာရင်းသွင်းခံထားရသည့် မီဒီယာအမည်ခံ ပြည်ဖျက်လိုသူတချို့၏ မဟုတ်မမှန် စွပ်စွဲချက်များသာဖြစ်။

Add new comment