နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

      ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၉ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက-

  • (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ကြရမည့် ကိစ္စရပ်များ ကြိုတင်ဆောင်ရွက်နိုင်ရန်နှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ထူးခြားခမ်းနား သည့် နိုင်ငံတော်အဆင့်အခမ်းအနားကြီးတစ်ခုအဖြစ် ကျင်းပနိုင်ရေးအတွက် ယခုကဲ့သို့ အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း။  

  • လွတ်လပ်ရေးဆုံးရှုံးစဉ်ကာလတစ်လျှောက် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုများကြောင့် ယနေ့တိုင် တိုင်းပြည်သည် မတည်ငြိမ်မှု၏ ဆိုးမွေများကို ခံစားနေကြရဆဲ ဖြစ်ကြောင်း။

  • ထိုကဲ့သို့သော မတည်ငြိမ်မှုများ ချုပ်ငြိမ်းသွားစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် NCA လက်မှတ်ရေးထိုးပြီးသားနှင့် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ဖိတ်ခေါ်လျက် တစ်ဖွဲ့ချင်းစီအား ထာဝရငြိမ်းချမ်းရေးရရှိစေရေး ဆွေးနွေးမှုစားပွဲဝိုင်း၌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် လက်ခံတွေ့ဆုံ၍ တွေ့ဆုံဆွေးနွေးအဖြေရှာမှုများ လုပ်ဆောင်ခဲ့ကြောင်း။

  • နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရေးသည် မျိုးဆက်သစ်လူငယ်မောင်မယ်များအပါအဝင် မြန်မာနိုင်ငံသားများအားလုံး စဉ်ဆက်မပြတ် ထိန်းသိမ်းရန် တာဝန်ရှိသည်ဆိုသည့် ခံယူချက်၊ ယုံကြည်ချက်နှင့် စိတ်ဓာတ်များ ပေါ်ပေါက်ကိန်းဝပ်လာစေရန် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့တွင် ပုံဖော်ဆောင်ရွက် သွားကြ ရမည်ဖြစ်ကြောင်း။

  • အလားတူ လွတ်လပ်ရေးကာလအတွင်း လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သည့် မတည်ငြိမ်မှုများ၊ မငြိမ်းချမ်းမှုများကြောင့် နိုင်ငံတော်အနေဖြင့် တိုးတက်သင့်သလောက် မတိုးတက်ခဲ့သည်များမှသည် တည်ငြိမ်အေးချမ်းမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုများ ရရှိခံစားနိုင်မည့် အခြေအနေ၊ ယနေ့နိုင်ငံတော်ဝန်ကြီးချုပ်မှ ချမှတ်ထားသည့် အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ်နှင့် ပြည်သူတစ်ရပ်လုံး လျှောက်လှမ်းပုံဖော်နေသည့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကိုလည်း ပုံဖော်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက် ဗဟိုကော်မတီဝင်များက စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ၊ ဂုဏ်ပြုယာဉ်များတည်ဆောက်ရေးလုပ်ငန်းကော်မတီ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများစီစဉ်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ၊ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ မီးရှူးမီးပန်းများပစ်ဖောက်ရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ မိန့်ခွန်းနှင့်သဝဏ်လွှာပြုစုရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ အားကစားပြိုင်ပွဲများကျင်းပရေးလုပ်ငန်းကော်မတီနှင့် စာရင်းစစ် ဆေးရေးလုပ်ငန်း ကော်မတီများ ဖွဲ့စည်းထားရှိမှုများ၊ လုပ်ငန်းတာဝန်များ ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအပါအဝင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီးနောက် ဗဟိုကော်မတီအတွင်းရေးမှူးက (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြု အခမ်းအနားကျင်းပရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ အတည်ပြုချက်ရယူခဲ့ပါသည်။

     အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကျန်ဗဟိုကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁၀-၂၀၂၂)

  • (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ကြရမည့် ကိစ္စရပ်များ ကြိုတင်ဆောင်ရွက်နိုင်ရန်နှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ထူးခြား ခမ်းနားသည့် နိုင်ငံတော်အဆင့်အခမ်းအနားကြီးတစ်ခုအဖြစ် ကျင်းပနိုင်ရေးအတွက် ယခုကဲ့သို့ အစည်းအဝေးကျင်းပရခြင်းဖြစ်။

  • နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရေးသည် မျိုးဆက်သစ်လူငယ်မောင်မယ်များအပါအဝင် မြန်မာနိုင်ငံသားများအားလုံး စဉ်ဆက် မပြတ်ထိန်းသိမ်းရန် တာဝန်ရှိသည်ဆိုသည့် ခံယူချက်၊ ယုံကြည်ချက်နှင့် စိတ်ဓာတ်များ ပေါ်ပေါက်ကိန်းဝပ်လာစေရန် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ပုံဖော်ဆောင် ရွက်သွားကြရမည်ဖြစ်။

  • လွတ်လပ်ရေးကာလအတွင်း လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သည့် မတည်ငြိမ်မှုများ၊ မငြိမ်းချမ်းမှုများကြောင့် နိုင်ငံတော်အနေဖြင့် တိုးတက်သင့်သလောက် မတိုးတက်ခဲ့ သည်များမှသည် တည်ငြိမ်အေးချမ်းမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုများ ရရှိခံစားနိုင်မည့်အခြေအနေ၊ ယနေ့ နိုင်ငံတော်ဝန်ကြီးချုပ်မှ ချမှတ်ထားသည့် အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ်နှင့် ပြည်သူတစ်ရပ်လုံး လျှောက်လှမ်းပုံဖော်နေသည့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးတို့ကိုလည်း ပုံဖော်ကြရမည်ဖြစ်။

Add new comment