ILO ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့်ပတ်သက်၍ တုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ

      ILO ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့်ပတ်သက်၍ တုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၉ ရက်တွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးတွင် တုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက-

  • မြန်မာနိုင်ငံမှ အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခြင်းနှင့် စုဝေးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်(၈၇)နှင့် အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်(၂၉)တို့ကို လိုက်နာမှုအပေါ်စစ်ဆေးရန် စုံစမ်းစစ်ဆေးရေးကော်မရှင် Commission of Inquiry (COI) တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း။
  • အဆိုပါကော်မရှင်၏ စုံစမ်းစစ်ဆေးမှုများကို ထိရောက်စွာ ပြန်လည်တုံ့ပြန်နိုင်ရန် နှင့် ILO ၏ စွပ်စွဲချက်များကို ချေဖျက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ တိကျသည့် အချက်အလက်များကို တောင်းခံစုစည်းရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။
  • ဝန်ကြီးဌာနအနေဖြင့် ILO မှ စုံစမ်းစစ်ဆေးရေးကော်မရှင် Commission of Inquiry (COI) ဖွဲ့စည်းမှုကို ကန့်ကွက်စာအား ဇွန်လ ၁၄ ရက်နှင့် ၂၉ ရက်တို့တွင် ILO ညွှန်ကြားရေးမှူးချုပ်ထံသို့ပေးပို့ခဲ့ပြီး အကြိမ်(၁၁၀)မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံကာလအတွင်း ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် နိဂုံးချုပ်မှတ်ချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ချက်ကို ဇူလိုင်လ ၁ ရက်တွင် နိုင်ငံပိုင်သတင်းစာများ၌ ထည့်သွင်းဖော်ပြခဲ့ပြီးဖြစ်ကြောင်း။
  • (၃၄၄)ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေး၊ (၃၄၅)ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးနှင့် (၁၁၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံကာလအတွင်း ကျင်းပခဲ့သော စံနှုန်းများ လိုက်နာကျင့်သုံးမှုဆိုင်ရာ ကော်မတီအစည်းအဝေး၌ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ILO သို့ တုံ့ပြန်ချေပနိုင်ရန် မူကြမ်းပြုစုထားရှိမှုအပေါ် တက်ရောက်လာသူများက သက်ဆိုင်ရာဌာနအလိုက် ပိုမိုကောင်းမွန်သည့် အချက်အလက်များရှိပါက ပြင်ဆင်ဖြည့်စွက်နိုင်ရေး ထပ်မံဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

      အစည်းအဝေးသို့ တုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၁၀-၂၀၂၂)

  • မြန်မာနိုင်ငံမှ အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခြင်းနှင့် စုဝေးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်(၈၇)နှင့် အဓမ္မခိုင်းစေမှုဆိုင်ရာပြဋ္ဌာန်းချက်အမှတ်(၂၉)တို့ကို လိုက်နာမှုအပေါ်စစ်ဆေးရန် စုံစမ်းစစ်ဆေးရေးကော်မရှင် Commission of Inquiry (COI) တစ်ရပ်ကို ဖွဲ့စည်းခဲ့။
  • ဝန်ကြီးဌာနအနေဖြင့် ILO မှ စုံစမ်းစစ်ဆေးရေးကော်မရှင် Commission of Inquiry (COI) ဖွဲ့စည်းမှုကို ကန့်ကွက်စာအား ဇွန်လ ၁၄ ရက်နှင့် ၂၉ ရက်တို့တွင် ILO ညွှန်ကြားရေးမှူးချုပ်ထံသို့ပေးပို့ခဲ့ပြီး အကြိမ်(၁၁၀) မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံကာလအတွင်း ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် နိဂုံးချုပ်မှတ်ချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ချက်ကို ဇူလိုင်လ ၁ ရက်တွင် နိုင်ငံပိုင်သတင်းစာများ၌ ထည့်သွင်းဖော်ပြခဲ့ပြီးဖြစ်။

 

Add new comment