ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်န ဝါရီလ ၄ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၆၄,၃၇၁ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ပြည်သူ စုစုပေါင်း ၂,၆၁၂ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၄ ရက်တွင် ဒုတိယအကြိမ်အဖြစ် ၁,၄၆၉ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၁,၄၉၄ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဇန်နဝါရီလ ၄ ရက်အထိ ကျောင်းသား/သူစုစုပေါင်း ၁,၅၀၅,၇၅၈ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
· ဇန်နဝါရီလ ၃ ရက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြစ်ကြီးနားမြို့၊ စစ်တွေမြို့၊ ကျိုင်းတုံမြို့၊ လွိုင်ကော်မြို့၊ ထားဝယ်မြို့၊ မြိတ်မြို့၊ ကော့သောင်းမြို့နှင့် လားရှိုးမြို့များသို့ တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိ။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၄ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၁၀,၉၅၇ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၄၄ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၃၁ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၄-၁-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၀၇၆,၄၄၇ ခု အား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၁,၂၉၉ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၇၈ ဦးရှိကြောင်း သိရှိရပါသည်။
- တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၄ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၆၄,၃၇၁ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၂,၆၁၂ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
- ၄-၁-၂၀၂၂ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ စုစုပေါင်း ၁,၅၀၅,၇၅၈ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
- ၄-၁-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၀၇၆,၄၄၇ ခုအားစစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၁,၂၉၉ ဦး နှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၇၈ ဦးဖြစ်ပြီး ၄-၁-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၃၁ ရာခိုင်နှုန်းရှိ။
Add new comment