ဧရာဝတီတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုဖြစ်စဉ်များတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို အောက်တိုဘာလ ၁၉ ရက်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများထံမှ လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုဖြစ်စဉ်များတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ဖမ်းဆီးရမိလက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁၀-၂၀၂၂)
- အောက်တိုဘာလ ၁၉ ရက်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများထံမှ လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုဖြစ်စဉ်များတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့။
Add new comment