ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ The Republic of Buryatia, Ulan-Ude တွင် ကျင်းပမည့် ပထမအကြိမ်အပြည်ပြည်ဆိုင်ရာအရှေ့ဖျားသိပ္ပံနှင့် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေကုသရေး လက်တွေ့လေ့ကျင့်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆရာဝန်ကြီး ၅ ဦးတို့သည် အောက်တိုဘာလ ၁၈ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ထိုမှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသည် နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုအရ ဖိတ်ကြားလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများမှ အထူးကုဆရာဝန်များတက်ရောက်၍ အဏုမြူရောင်ခြည် နည်းပညာဖြင့် ရောဂါရှာဖွေကုသရေးပညာရပ်များကို ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတကာမှ ပညာရှင်များနှင့် အတွေ့အကြုံများဖလှယ်မည်ဖြစ်သဖြင့် မိမိတို့နိုင်ငံအတွင်း အဏုမြူရောင်ခြည်နည်းပညာဖြင့် ကင်ဆာရောဂါရှာဖွေကုသရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအတွက် အထောက်အကူများစွာ ရရှိနိုင်ပြီး နိုင်ငံတကာမှ အတွေ့အကြုံကောင်းများ ပြန်လည်မျှဝေပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၉-၁၀-၂၀၂၂)
- ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပမည့် ရောဂါရှာဖွေကုသရေး လက်တွေ့လေ့ကျင့်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၁၈ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာခဲ့။
- ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများမှ အထူးကုဆရာဝန်များ တက်ရောက်၍ အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေကုသရေးပညာရပ်များကို ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်။
Add new comment