သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၈ ရက်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က-
- နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ပထမနှစ်မှ ပါရဂူဘွဲ့အထိ သင်တန်းများအားလုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊
- နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်အသီးသီးတို့တွင် ပညာသင်ယူကြသည့် ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်ကျွမ်းကျင်တတ်မြောက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိသော အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာစေရေး လိုအပ် ကြောင်း၊
- တက္ကသိုလ်များ၏ ဘာသာရပ်အလိုက် နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု သုတေသနများဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏မူဝါဒနှင့်ကိုက်ညီသည့် Projects များ/ သုတေသနများကို ဘွဲ့ကြို/ဘွဲ့လွန်သင်တန်းများတွင် လုပ်ဆောင်ရန်လိုအပ်ကြောင်း၊
- တက္ကသိုလ်များတွင် အရည်အသွေးအာမခံမှု (Accreditation) ရရှိနိုင်ရေးနှင့် Credit စနစ် ကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတကာတက္ကသိုလ်များ/အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့်အခါ လက်မှတ်ရေးထိုးထားရှိပြီး သက်တမ်းဝင်နေဆဲဖြစ်သော နားလည်မှုစာချွန်လွှာ(MoU)၊ သဘောတူညီမှုစာချွန်လွှာ (MoA)များနှင့် စီမံကိန်းများ၏ အကောင်အထည်ဖော်ဆောင်မှု အခြေအနေများကိုလည်း စိစစ်၍ အချိန်မီဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို တစ်ဖက်အဖွဲ့အစည်း နှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ရန်နှင့် စာချုပ်များပြင်ဆင်ချုပ်ဆိုရန်ရှိပါက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အချိန်မီပြင်ဆင်ဆောင်ရွက်ရန် အရေးကြီးကြောင်း ပြောကြားခဲ့။
ထို့နောက် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီက လုပ်ငန်းဆောင်ရွက်ချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များက တက္ကသိုလ်များအလိုက် သင်ကြားရေးနှင့် စီမံရေးရာကိစ္စရပ်များအပြင် လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်ရေး နှင့် ပညာသင်ဆိုင်ရာလုပ်ငန်းများ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မူဝါဒ၊ စီမံကိန်းနှင့်စာရင်းအင်းဆိုင်ရာလုပ်ငန်းများ၊ အရည်အသွေးစီမံခန့်ခွဲရေးနှင့် လေ့လာ ဆန်းစစ်ရေး၊ တည်ဆောက်ရေးဆိုင်ရာစသည့် လုပ်ငန်းအားသာချက်များ၊ အားနည်းချက်များနှင့် စိန်ခေါ်မှုများကို တင်ပြဆွေးနွေးခဲ့ပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ တက်ရောက်ကြပြီး အစည်းအဝေး ကို အောက်တိုဘာ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၁၀-၂၀၂၂)
- နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ပထမနှစ်မှ ပါရဂူဘွဲ့အထိ သင်တန်းများအားလုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်။
- နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်အသီးသီးတို့တွင် ပညာသင်ယူကြသည့် ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်ကျွမ်းကျင်တတ်မြောက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိသော အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာစေရေး လိုအပ်။
- တက္ကသိုလ်များ၏ ဘာသာရပ်အလိုက် နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု သုတေသနများဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏မူဝါဒနှင့်ကိုက်ညီသည့် Projects များ/ သုတေသနများကို ဘွဲ့ကြို/ဘွဲ့လွန်သင်တန်းများတွင် လုပ်ဆောင်ရန်လိုအပ်။
Add new comment