ယခုလမှစ၍ မုတ်သုံရာသီ ကုန်ဆုံးပြီး ပွင့်လင်းရာသီသို့ စတင်ဝင်ရောက်ပြီဖြစ်သဖြင့် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် နိုင်ငံတကာကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပုံမှန်အနေအထားသို့ ရောက်ရှိနေပြီး ပို့ကုန်များ တိုးတက်တင်ပို့လျက်ရှိပါသည်။
- ရန်ကုန်ဆိပ်ကမ်း၌ အောက်တိုဘာလ ၁၇ ရက်တွင် ဆိုက်ကပ်ထားသည့် သင်္ဘောများမှာ ကုန်သေတ္တာတင်သင်္ဘော ၂ စီး၊ အထွေထွေကုန်စည်တင်သင်္ဘော ၁၅ စီး၊ စက်သုံးဆီသင်္ဘော ၅ စီးနှင့် စားသုံးဆီသင်္ဘော ၁ စီးတို့ပါဝင်ပြီး စုစုပေါင်းသင်္ဘော ၂၃ စီး ဆိုက်ကပ်၍ ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ။
- အောက်တိုဘာလအတွင်း သွင်းကုန်၊ ပို့ကုန်ပစ္စည်းများ တင်ဆောင်သည့် ကုန်သေတ္တာတင်သင်္ဘောစီးရေ ၅၅ ရာခိုင်နှုန်းကျော် ဝင်ရောက်ခဲ့ပြီး တစ်ရက်လျှင် အထွေထွေကုန်တင်သင်္ဘော ၁၅ စီး ဖြင့် ကုန်ပစ္စည်းများ တင်ပို့လျက်ရှိ။
- ပြည်သူများ သုံးစွဲရန် ဓာတ်မြေသြဇာများ၊ ဘိလပ်မြေများ၊ စက်ယန္တရားကြီးများ၊ စက်သုံးဆီနှင့် စားသုံးဆီများ တင်ဆောင်လာသော သင်္ဘောများမှာလည်း သီလဝါနှင့် ရန်ကုန်ဆိပ်ကမ်းများတွင် ဆိုက်ကပ်၍ ကုန်ချလုပ်ငန်းများဆောင်ရွက်လျက်ရှိ။
ပင်လယ်ရေကြောင်းကုန်သွယ်မှုအနေဖြင့် ပွင့်လင်းရာသီရောက်သည်နှင့်အမျှ ရေကြောင်းမှ သယ်ယူပို့ဆောင်မှု ကောင်းမွန်လာကာ သင်္ဘောကြီးများ ပိုမိုဝင်ရောက်လာပြီး မြန်မာ့ထွက်ကုန်များကို နိုင်ငံတကာသို့ တိုးတက်ပို့ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၁၀-၂၀၂၂)
- ယခုလမှစ၍ မုတ်သုံရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီသို့ စတင်ဝင်ရောက်ပြီဖြစ်သဖြင့် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် နိုင်ငံတကာကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပုံမှန်အနေအထားသို့ရောက်ရှိနေပြီး ပို့ကုန်များတိုးတက် တင်ပို့လျက်ရှိ။
Add new comment