သီလဝါနှင့်ထားဝယ်အထူးစီးပွားရေးဇုန်တို့တွင် စီးပွားရေးလုပ်ငန်းများ တစ်ဖန်ပြန်လည် လည်ပတ်လာနိုင်တော့မည်ဖြစ်

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးတို့အတွက်  အထူးစီးပွားရေးဇုန်များရှိ စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။

       သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၂၂ ခုခွင့်ပြုခဲ့ပြီး လက်ရှိတွင် စီးပွားဖြစ်လည်ပတ်နေသည့် စက်ရုံပေါင်း ၁၀၄ ခုထိ ရှိလာပြီဖြစ်ရာ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် လုပ်သားအင်အား ၂၀,၀၀၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ပါသည်။  ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးမြှင့်ထည့်ဝင်ခဲ့သည့် ကုမ္ပဏီ ၁၄ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၉၀ ဒသမ ၇၆၃ အထိတိုးတက်လာခဲ့ပါသည်။

       ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းလုပ်ငန်းအောင်မြင်ဖြစ်ထွန်းစေရန်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း ပြန်လည်လုပ်ကိုင်လာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၁၀-၂၀၂၂)

  • သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးမြှင့်ထည့်ဝင်ခဲ့သည့် ကုမ္ပဏီ ၁၄ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၉၀ ဒသမ ၇၆၃ အထိတိုးတက်လာခဲ့။
  • ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းလုပ်ငန်းအောင်မြင်ဖြစ်ထွန်းစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း ပြန်လည်လုပ်ကိုင်လာနိုင်မည်ဖြစ်။

                                                                       

 

 

 

 

 

 

Add new comment