အောက်တိုဘာလ ၁၆ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ လက်လုပ်ဗုံး ၂ လုံးအား မဆင်မခြင် ဖြုတ်ချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကံကျေးရွာ အလယ်တန်းကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ဆောင်၏ မျက်နှာကြက်နှင့် သွပ်မိုးများ ပေါက်ပြဲပျက်စီးကာ ကျေးရွာထဲရှိ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် ယခင်ကလည်း PDFအကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ ကျေးရွာများနှင့် လူနေအဆောက်အဦများအား လက်လုပ်စိန်ပြောင်းများဖြင့် မဆင်မခြင်ပစ်ခတ်ခြင်း၊ Drone များ အသုံးပြု၍ ဗုံးကြဲချခြင်းများ လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူအချို့နှင့် ကလေးငယ်များသေဆုံး/ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အများအပြားရှိပါသည်။ ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော နေရာများအား ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းတွင် ပြဋ္ဌာန်းထားသည့်အချက်များနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပါသည်။
ကျေးရွာအတွင်းသို့ Drone အသုံးပြုပြီး လက်လုပ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သော PDF အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးရှာဖွေလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၁၀-၂၀၂၂)
- ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ လက်လုပ်ဗုံးများ မဆင်မခြင် ဖြုတ်ချတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူ အသက် ၄ နှစ်ရွယ် ကလေးငယ် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့။
Add new comment