နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်ဦးလွင်တပ်နယ်ရှိ တက္ကသိုလ်များနှင့် လေ့ကျင့်ရေးကျောင်းများ၏ လေ့ကျင့်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လမ်းညွှန်မှာကြား

       ပြင်ဦးလွင်တပ်နယ်ရှိ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် လေ့ကျင့်ရေးကျောင်းများ၏ လေ့ကျင့်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၆ ရက်တွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဧည့်ဂေဟာရှိ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။

        အဆိုပါအစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင်-

  • စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးအတွက် တပ်များနှင့် တပ်မတော်သားများ၏ စွမ်းရည်သုံးရပ်ကို မြင့်မားအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေးအတွက်မူ ခေတ်မီလက်နက်များကို တပ်ဆင်ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း။
  • ထိုသို့ ခေတ်မီလက်နက်များကို တပ်ဆင်ပေးရန်အတွက် နိုင်ငံကို ဦးဆောင်သည့် အကြီးအကဲများအနေဖြင့်လည်း နိုင်ငံတော်၏ကာကွယ်ရေးစွမ်းပကား မြှင့်တင်မှုအပေါ်  စိတ်ပါဝင်စားမှုရှိရမည်ဖြစ်ကြောင်း။
  • စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးသည် တပ်မတော်နှင့် အဓိကသက်ဆိုင်ပြီး စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေးအတွက်ကိုမူ နိုင်ငံတော်မှ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • ကမ္ဘာ့ခေါင်းဆောင်များတွင် နိုင်ငံရေးကို အလေးပေးဆောင်ရွက်သူနှင့် နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းရည်မြင့်မားရေးအပိုင်းကို စိတ်ဝင်စားသူဟူ၍ရှိပြီး တပ်မတော်နှင့် နိုင်ငံ့ခေါင်းဆောင်များ၏ စိတ်ဝင်စားမှုအလိုက် နိုင်ငံတစ်ခု၏ ကာကွယ်ရေး စွမ်းပကားသည်လည်း ကွာခြားသွားမည်ဖြစ်ကြောင်း။
  • စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးအတွက် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများကို မြင့်မားအောင်မြှင့်တင်ရမည်ဖြစ်ပြီး တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးအတွက် ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • တပ်မတော်တွင် ခေါင်းဆောင်မှုပညာရပ်သည် အလွန်အရေးကြီးပြီး အမိန့်နာခံတတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုတို့နှင့် ပြည့်စုံသည့် နောက်လိုက်ကောင်းဖြစ်ခဲ့မှသာလျှင် ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိချိန်၌လည်း ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင် တစ်ဦးဖြစ်လာနိုင်မည်ဖြစ်ကြောင်း။
  • တပ်မတော်အတွင်း၌ မည်သည့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ စစ်ဘက်ခေါင်းဆောင်များအနေဖြင့် တိုက်ပွဲဝင်နိုင်အောင် လေ့ကျင့်သင်ကြားပေးခြင်းပင်ဖြစ်ပြီး စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေး လေ့ကျင့်ပေးနေမှုများသည်လည်း သင်တန်းကျောင်းများအလိုက် အခြေခံအားဖြင့် တူညီမှုရှိကြောင်း။
  • အခြေခံစစ်ပညာမှအစပြု၍ အဆင့်အလိုက်လျော်ညီစွာ တတ်မြောက်ရမည့် အတတ်ပညာ၊ အသိပညာများရရှိရေး သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း။
  • သင်ကြားလေ့ကျင့်ပေးရာတွင် အတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးခြင်းနှင့် ၎င်းအတတ်ပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်သူများဖြစ်အောင် လေ့ကျင့်သင်ကြားပေးမှုဟူ၍ ရှိကြောင်း။
  • လေ့ကျင့်ရေးနှင့်ပတ်သက်၍ တပ်မတော်တွင် ကဏ္ဍပေါင်းစုံ၌ ပြည့်စုံအောင် ဆောင်ရွက်ပေးထားပြီး လေ့ကျင့်ရေးကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေခြင်းသည် အနာဂတ်တပ်မတော်ကို တည်ဆောက်နေခြင်းပင်ဖြစ်သည့်အတွက် လေ့ကျင့်ရေး ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် နည်းပြများအနေဖြင့် ပေါ့ပေါ့တန်တန် သဘောမထားစေလိုဘဲ လေးနက်စွာ သင်ကြားပေးရမည်ဖြစ်ကြောင်း။
  • နည်းပြများအနေဖြင့် လေ့ကျင့်သင်ကြားရာတွင် လေ့ကျင့်ရေးဆိုင်ရာပညာရပ်နှင့် စာပေပိုင်းဆိုင်ရာပညာရပ်ဟူ၍ရှိပြီး နှစ်ဖက်မျှတစွာ တတ်မြောက်အောင် သင်ကြားပေးရမည်ဖြစ်ကြောင်း။
  • သင်တန်းသားနှင့်နည်းပြအချိုးကို အမြဲလေ့လာဆန်းစစ်နေရမည်ဖြစ်၍ သက်ဆိုင်ရာကဏ္ဍအလိုက်ဘာသာရပ်များကို စနစ်တကျသင်ကြား လေ့ကျင့်ပေးလိုက်မှသာလျှင် လက်တွေ့နယ်ပယ်၌ ကောင်းမွန်စွာအသုံးချနိုင်မည်ဖြစ်ပြီး ကြုံတွေ့လာရသည့် အခက်အခဲများကို အောင်မြင်စွာ ဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း။
  • အရည်အချင်း ပြည့်ဝသည့် သင်တန်းသားများ ပေါ်ထွက်လာရေးအတွက် နည်းပြများသည် အရည်အချင်းပြည့်စုံရမည်ဖြစ်သဖြင့် နည်းပြများ ရွေးချယ်တာဝန်ပေးရာတွင်လည်း စနစ်တကျရွေးချယ်တာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း။
  • လေ့ကျင့်ပေးသူများ၏ အရည်အချင်းအပေါ်မူတည်၍ လေ့ကျင့်ခံရသူများ၏ အရည်အသွေးများ ပြောင်းလဲမည်ကို သတိချပ်စေလိုပြီး တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း။
  • ပြင်ဦးလွင်သည် တပ်မတော်၏ လေ့ကျင့်ရေးဘူမိနက်သန်မြေဖြစ်သည့်အတွက် လေ့ကျင့်ရေးပိုင်းဆိုင်ရာများတွင် စံပြဖြစ်နေရမည်ဖြစ်ပြီး ဘာသာရပ်ပိုင်းဆိုင်ရာများအလိုက် ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးရ မည်ဖြစ်ကြောင်း။
  • ၂၀၂၀ ပြည့်နှစ်မှစ၍ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုကြောင့် သွားလာမှုနှင့် တပ်ပြင်ထွက်ခွင့်များကို ကန့်သတ်ချက်များပေးထားသဖြင့် သင်တန်းသားများအနေဖြင့် စာပေပညာ၊ စစ်ပညာများကို လေ့လာသင်ယူချိန် ပိုမိုရရှိမည်ဖြစ်သည့် အတွက် ဗဟုသုတရစေမည့် စာပေပညာများကို ဖတ်မှတ်လေ့လာရမည်ဖြစ်ပြီး အချိန်ကို အကျိုးရှိရှိ အသုံးချရန်လိုကြောင်း။
  • စစ်ပညာ၊ စာပေပညာများကို သင်ယူနေရသည်ဖြစ်သည့်အတွက် အခြေခံစစ်ပညာသင်ကြားမှုကာလတွင် သင်တန်းသားများအနေဖြင့် ပင်ပန်းကြမ်းတမ်းမည်ဖြစ်သောကြောင့် ၎င်းတို့၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများကို ကြံ့ခိုင်မှုရှိအောင် စနစ်တကျဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • ကျန်းမာမှုရှိစေရေးအတွက် အာဟာရပြည့်ဝ၍ ကိုယ်ခန္ဓာဖွံ့ဖြိုးစေသည့် စားသောက်မှုပုံစံကို ဖော်ဆောင်ပေးရမည်ဖြစ်သလို ကြံ့ခိုင်သန်စွမ်းမှုရှိစေရေးအတွက်လည်း နည်းစနစ်ကျသည့် လေ့ကျင့်မှုများဖြင့် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။
  • တပ်မတော်သားတစ်ဦးအဖြစ် စတင်ဝင်ရောက်ရန် ရွေးချယ်စဉ်ကတည်းကပင် လိုအပ်သည့် ကိုယ်ခန္ဓာ၊ အရပ်အမောင်းနှင့် ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများကို ခံယူခဲ့ရပြီးဖြစ်ကြောင်း။
  • တစ်ဦးချင်းစီအလိုက် ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက်မှုပုံစံအလိုက် ရောဂါဘယကင်းဝေးမှု၊ ကျန်းမာကြံ့ခိုင်မှုတို့သည်လည်း ကွာခြားသွားမည်ဖြစ်သဖြင့် တစ်ဦးချင်း၏ နေထိုင်မှုပုံစံ ကောင်းမွန်စေရေး သင်တန်းကျောင်း များ၌ လေ့ကျင့်ပေးလိုက်ရမည်ဖြစ်ကြောင်း။
  • သင်တန်းဆင်းပြီးနောက်ပိုင်း ၎င်းတို့၏ ကိုယ်ပိုင်ဆင်ခြင်တုံတရားဖြင့် ကောင်းမွန်သည့်ဘဝကို ပုံဖော်ဖြတ်သန်းနိုင်အောင် လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း။
  • လူတစ်ဦးနှင့်တစ်ဦး ကိုယ်ခန္ဓာတည်ဆောက်ပုံခြင်းတူညီမှုရှိမည်မဟုတ်သဖြင့် ၎င်းတို့ လုပ်ဆောင်နိုင်မည့် ခံနိုင်ရည်စံနှုန်းများကို လေ့ကျင့်မှုဖြင့် တည်ဆောက်သွားရမည် ဖြစ်ကြောင်း။
  • နည်းပြများသည် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာသင်ကြားလေ့ကျင့်ပေးနေရသူများ ဖြစ်သည့်အပြင် စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရေးအတွက်လည်း သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်သဖြင့် တူညီသည့် စိတ်ဓာတ်စည်းကမ်းများကို လေ့ကျင့်ပုံဖော်ပေးရန်လိုပြီး ကျောင်းအလိုက် ကောင်းမွန်သည့် အစဉ်အလာကောင်းများကို လက်ဆင့်ကမ်းသင်ကြားပေးရန်လိုကြောင်း။
  • တပ်မတော်မှ ရိက္ခာနှုန်းထားများသည် စစ်သည်တစ်ဦးချင်း အမှန်တကယ် လိုအပ်သည့်အာဟာရများ ပြည့်ဝစေရေးအတွက် စနစ်တကျ တွက်ချက်ထုတ်ပေးထားခြင်းဖြစ်သဖြင့် ပြည့်ပြည့်ဝဝ စားသုံးနိုင်ရေး စီမံဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။
  • သင်တန်းကျောင်းများသည် ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးသည့် သင်တန်းသားများကို မွေးထုတ်ပေးရမည်ဖြစ်သဖြင့် ၎င်းတို့တစ်ဦးချင်းစီ၏ နေထိုင်စားသောက်မှုပုံစံများ စနစ်တကျဖြစ်စေရေး နည်းပြများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း။
  • အသက်အရွယ်အလိုက်၊ မျိုးရိုးဗီဇအလိုက် ကွဲပြားခြားနားမှုများ ရှိနိုင်မည်ဖြစ်သော်လည်း တပ်မတော်တွင် သတ်မှတ်ထားသည့် အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်သည့် စံနှုန်းများ ပြည့်မီရန်လိုအပ်မည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့။

       ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တပ်မတော်တွင် ဆောင်ရွက်လျက်ရှိသည့် လေ့ကျင့်ရေးပိုင်းဆိုင်ရာများ၊ သင်တန်းကျောင်းများ၏ လေ့ကျင့်ရေးစံနှုန်း သတ်မှတ်ချက် များ၊ သင်တန်းသားများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများကိုတင်ပြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က-

  • လုံခြုံရေးပိုင်းဆိုင်ရာနှင့် ပတ်သက်၍လည်း အရာရှိ၊ စစ်သည်တစ်ဦးချင်းအနေဖြင့် မိမိကိုယ်တိုင် သတင်းလုံခြုံမှုနှင့်ပတ်သက်၍ သတိထားဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မိမိတို့၏ မိသားစုဝင်များအနေဖြင့်လည်း သတင်းလုံခြုံမှုနှင့် ပတ်သက်၍ ထိခိုက်မှုမရှိစေရေး လုံခြုံရေးအသိ၊ လုံခြုံရေးသတိတို့ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း။
  • သင်တန်းကျောင်းများမှ နည်းပြများဖြစ်ပြီး အရည်အချင်းရှိသူများဖြစ်သည့်အတွက် မိမိတို့လေ့ကျင့်သင်ကြားပေးနေသည့် သင်တန်းသားများကိုလည်း လုံခြုံရေးအသိရှိအောင် သင်ကြားပေးရန်လိုကြောင်း။
  • လူမှုကွန်ရက်စာမျက်နှာ၊ အွန်လိုင်းနည်းပညာအသုံးချမှုများကို အကျိုးရှိသည့် နေရာများ၌သာ အသုံးချရန်လိုပြီး စည်းကမ်းစနစ်တကျရှိရမည်ဖြစ်ကြောင်း။
  • မိမိကိုယ်တိုင် စံနမူနာကောင်းပြ၍ ညီညွတ်မျှတသည့် ခေါင်းဆောင်မှုဖြင့် အရည်အချင်းပြည့်ဝသည့် သင်တန်းသားများဖြစ်စေရေး ကြိုးပမ်းလေ့ကျင့်သင်ကြားပေးကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့။ 

     အဆိုပါ တွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်တို့မှ ကျောင်းအုပ်ကြီးများ၊ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၁၀-၂၀၂၂)

  • စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးအတွက် တပ်များနှင့်တပ်မတော်သားများ၏ စွမ်းရည်သုံးရပ်ကို မြင့်မားအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေးအတွက်မူ ခေတ်မီလက်နက်များကို တပ်ဆင်ဆောင်ရွက်ပေးရမည်ဖြစ်။
  • စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးအတွက် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများကို မြင့်မားအောင်မြှင့်တင်ရမည်ဖြစ်ပြီး တပ်မတော်သားများ၏ ပညာရည်မြင့်မားရေးအတွက် ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိ။
  • အမိန့်နာခံတတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုတို့နှင့် ပြည့်စုံသည့် နောက်လိုက်ကောင်းဖြစ်ခဲ့မှသာလျှင် ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိချိန်၌လည်း ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင်တစ်ဦးဖြစ်လာနိုင်မည်ဖြစ်။
  • လေ့ကျင့်ရေးနှင့်ပတ်သက်၍ တပ်မတော်တွင်ကဏ္ဍပေါင်းစုံ၌ ပြည့်စုံအောင် ဆောင်ရွက်ပေးထားပြီး လေ့ကျင့်ရေးကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေခြင်းသည် အနာဂတ်တပ်မတော်ကို တည်ဆောက်နေခြင်းပင်ဖြစ်။
  • သက်ဆိုင်ရာကဏ္ဍအလိုက် ဘာသာရပ်များကို စနစ်တကျသင်ကြား လေ့ကျင့်ပေးလိုက်မှသာလျှင် လက်တွေ့နယ်ပယ်၌ ကောင်းမွန်စွာ အသုံးချနိုင်မည်ဖြစ်ပြီး ကြုံတွေ့လာရသည့် အခက်အခဲများကို အောင်မြင်စွာ ဖြတ်သန်းနိုင်မည်ဖြစ်။
  • ပြင်ဦးလွင်သည် တပ်မတော်၏ လေ့ကျင့်ရေးဘူမိနက်သန်မြေဖြစ်သည့်အတွက် လေ့ကျင့်ရေးပိုင်းဆိုင်ရာများတွင် စံပြဖြစ်နေရမည်ဖြစ်ပြီး ဘာသာရပ်ပိုင်းဆိုင်ရာများအလိုက် ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးရ မည်ဖြစ်။
  • ကျန်းမာမှုရှိစေရေးအတွက် အာဟာရပြည့်ဝ၍ ကိုယ်ခန္ဓာဖွံ့ဖြိုးစေသည့် စားသောက်မှုပုံစံကို ဖော်ဆောင်ပေးရမည်ဖြစ်သလို ကြံ့ခိုင်သန်စွမ်းမှုရှိစေရေးအတွက်လည်း နည်းစနစ်ကျသည့် လေ့ကျင့်မှုများဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်။
  • သင်တန်းဆင်းပြီးနောက်ပိုင်း ၎င်းတို့၏ ကိုယ်ပိုင်ဆင်ခြင်တုံတရားဖြင့် ကောင်းမွန်သည့်ဘဝကို ပုံဖော်ဖြတ်သန်းနိုင်အောင် လေ့ကျင့်ပေးရမည်ဖြစ်။
  • နည်းပြများသည် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာသင်ကြားလေ့ကျင့်ပေးနေရသူများဖြစ်သည့်အပြင် စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရေးအတွက်လည်း သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်သဖြင့် တူညီသည့် စိတ်ဓာတ်စည်းကမ်းများကို လေ့ကျင့်ပုံဖော်ပေးရန်လို။
  • တပ်မတော်မှ ရိက္ခာနှုန်းထားများသည် စစ်သည်တစ်ဦးချင်း အမှန်တကယ်လိုအပ်သည့် အာဟာရများ ပြည့်ဝစေရေးအတွက် စနစ်တကျ တွက်ချက်ထုတ်ပေးထားခြင်းဖြစ်သဖြင့် ပြည့်ပြည့်ဝဝ စားသုံးနိုင်ရေး စီမံဆောင်ရွက်ပေးရ မည်ဖြစ်။
  • သင်တန်းကျောင်းများသည် ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးသည့် သင်တန်းသားများကို မွေးထုတ်ပေးရမည်ဖြစ်သဖြင့် ၎င်းတို့တစ်ဦးချင်းစီ၏ နေထိုင်စားသောက်မှုပုံစံများ စနစ်တကျဖြစ်စေရေး နည်းပြများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန် လို။
  • အရာရှိ၊ စစ်သည်တစ်ဦးချင်းအနေဖြင့် မိမိကိုယ်တိုင် သတင်းလုံခြုံမှုနှင့်ပတ်သက်၍ သတိထားဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မိမိတို့၏ မိသားစုဝင်များအနေဖြင့်လည်း သတင်းလုံခြုံမှုနှင့်ပတ်သက်၍ ထိခိုက်မှုမရှိစေရေး လုံခြုံရေး အသိ၊ လုံခြုံရေးသတိတို့ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြစေလို။
  • လူမှုကွန်ရက်စာမျက်နှာ၊ အွန်လိုင်းနည်းပညာအသုံးချမှုများကို အကျိုးရှိသည့် နေရာများ၌သာ အသုံးချရန်လိုပြီး စည်းကမ်းစနစ်တကျရှိရမည်ဖြစ်။
  • မိမိကိုယ်တိုင် စံနမူနာကောင်းပြ၍ ညီညွတ်မျှတသည့် ခေါင်းဆောင်မှုဖြင့် အရည်အချင်းပြည့်ဝသည့် သင်တန်းသားများဖြစ်စေရေး ကြိုးပမ်းလေ့ကျင့်သင်ကြားပေးကြရမည်ဖြစ်။
     

Add new comment