နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၁၆ ရက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင်-
- တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရန်ဖြစ်ပြီး တပ်ရင်းတပ်ဖွဲ့ တိုင်းအနေဖြင့် မိမိတို့၏တာဝန်များကို မှန်မှန်ကန်ကန်ထမ်းဆောင်နေခြင်းသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေခြင်းပင်ဖြစ်ကြောင်း။
- စစ်သည်တစ်ဦးချင်းအနေဖြင့် မိမိတို့၏တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ပြီး စည်းကမ်းစနစ်တကျရှိနေရမည်ဖြစ်ကာ စွမ်းရည်သုံးရပ် ထက်မြက်အောင် စဉ်ဆက်မပြတ် လေ့ကျင့်နေကြရမည်ဖြစ်ကြောင်း။
- အခြေခံစစ်ပညာမှစ၍ တာဝန်ထမ်းဆောင်ချိန်ကာလတစ်လျှောက်လုံး အဆင့်နှင့် လျော်ညီသည့် အသိပညာ၊ အတတ်ပညာများရရှိရေး သင်တန်းကျောင်းများမှလည်း အမြဲမပြတ်လေ့ကျင့်ပေးလျက်ရှိသဖြင့် မိမိတို့တစ်ဦးတစ်ယောက်ချင်း ဆောင်ရွက်ရ မည့် လုပ်ငန်းတာဝန်များ၌ အောင်မြင်အောင် ဆောင်ရွက်ကြမည်ဆိုပါက ထူးချွန်သည့် တပ်ဖွဲ့များဖြစ်လာမည်ဖြစ်ပြီး စွမ်းရည်သုံးရပ်ပြည့်စုံသည့် တပ်မတော်ဖြစ်လာမည်ဖြစ်ကြောင်း။
- မည်သည့်အလုပ်ကို လုပ်ကိုင်သည်ဖြစ်စေ အာရုံစိုက်၍ ခွန်အားစိုက်ထုတ် ဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုကို ရရှိမည်ဖြစ်သဖြင့် အားပြည့်အင်ပြည့်ဖြင့် အားထည့်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကို မွေးမြူဆောင်ရွက်ကြရန်လိုကြောင်း။
- ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရမည်ဖြစ်ပြီး စိတ်ဓာတ်၊ စည်းကမ်းနှင့် အားထည့်ဆောင်ရွက်တတ်သည့် အလေ့အကျင့်တို့ကို ပေါင်းစပ်လိုက်ပါက စုစည်းညီညွတ်သည့်အားကို ရရှိမည်ဖြစ်ပြီး လုပ်ငန်းများ အောင်မြင် မည်ဖြစ်ကြောင်း။
- တစ်ဦးချင်း အားထည့်ဆောင်ရွက်ခြင်းနှင့် စုစည်းညီညွတ်သည့်အားဖြင့် ဆောင်ရွက်ခြင်းသည် တပ်တွင်းစည်းလုံးညီညွတ်မှုကို ပိုမိုအောင်မြင်စေမည်ဖြစ်ကြောင်း။
- မိမိတို့အနေဖြင့် နိုင်ငံရေးအရအရေးပေါ်အခြေအနေဖြစ်လာသဖြင့် လိုအပ်ချက် အရ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ရကြောင်း၊ ထိုသို့ တာဝန်ယူ ထမ်းဆောင်ရသည့်အချိန်တွင် မိမိတို့တာဝန်ယူနေရသည့် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း။
- တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများတွင် တပ်မတော်၏စုစည်းညီညွတ်သည့်အားကို အသုံးပြုတည်ဆောက်ရန်လိုပြီး မိသားစုတစ်ခု၌ပင် အိမ်ထောင်ဦးစီး၊ အိမ်ရှင်မနှင့် သားသမီးတို့ စုစည်းညီညွတ်စွာဖြင့် နေထိုင်မည်ဆိုပါက သာယာပျော်ရွှင် ဖွယ်ဖြစ်သည့် သီရိဂေဟာကို ရရှိနိုင်မည်ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
- တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းအတွက် ယခုကဲ့သို့သောအခြေအနေမျိုးတွင် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း။
- တပ်မတော်သားအားလုံးနှင့် တပ်မိသားစုဝင်များအားလုံး၏ စုစည်းညီညွတ်သည့်အားဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- စည်းကမ်းဆိုသည်မှာ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ရန် တိုက်တွန်းခြင်းနှင့် မဖြစ်သင့်သည်များကို မလုပ်ဆောင်ရန် တားမြစ်ခြင်းပင်ဖြစ်၍ စစ်စည်းကမ်းများကို အလေးထားလိုက်နာမည်ဆိုပါက တပ်တွင်းစည်းလုံးညီညွတ်မှုကို ရရှိမည် ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း။
- တပ်တွင်းစည်းလုံးညီညွတ်ရေးသည် တပ်မတော်အတွက် အရေးကြီးပြီး တပ်ဖွဲ့များအချင်းချင်း စည်းလုံးညီညွတ်မှုရှိပါက တပ်မတော်ကို မည်သူမျှဖြိုခွဲ၍ရနိုင်မည် မဟုတ်ကြောင်း။
- မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ပါတီတစ်ခုနှင့်တစ်ခု၊ အဖွဲ့တစ်ခုနှင့် တစ်ခု နိုင်ငံရေးအရ တိုက်ခိုက်ခြင်းများရှိပြီး ထိုသို့ဖြစ်ပေါ်ရခြင်းမှာ နိုင်ငံရေးအရ မရင့်ကျက် ခြင်းများကြောင့်ဖြစ်ကြောင်း။
- တပ်မတော်သည် ခိုင်မာသည့်အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် တပ်မတော်၏ ထောက်ခံမှုများကို လိုလားကြသော်လည်း အချို့သောအဖွဲ့များက တပ်မတော်အင်အားချိနဲ့စေရန် တိုက်ခိုက်မှုများရှိခဲ့ကြောင်း။
- ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် နိုင်ငံရေးပြဿနာများဖြစ်ပေါ်ခဲ့ပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးကို ပြိုကွဲစေရန်နှင့် တပ်မတော်၏အင်အားကို ချိနဲ့စေရန် ကြိုးပမ်းဆောင်ရွက်လာမှုများ ရှိလာခဲ့ သည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း။
- ခေါင်းဆောင်မှုမှန်ကန်ပြီး တပ်မတော်အတွင်း စည်းလုံးညီညွတ်မှုရှိနေသည့် ကာလတစ်လျှောက်လုံး တိုင်းပြည်ကို ဖြိုခွဲ၍ရနိုင်မည်မဟုတ်ကြောင်း။
- တပ်မတော်အနေဖြင့် တပ်တွင်းစည်းလုံးညီညွတ်ရေးကို ယခင်ကတည်းက ဆောင်ရွက်ခဲ့ပြီး သက်သာချောင်ချိရေးလုပ်ငန်းများ၊ တပ်တည်ဆောက်ရေးလုပ်ငန်းများနှင့် လေ့ကျင့်ရေးလုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက်ခဲ့ကြောင်း။
- တပ်များအားလုံး စည်းလုံးညီညွတ်မှုရှိစေရေးအတွက် တပ်မှူးခေါင်းဆောင်များ အားလုံးက ဆောင်ရွက်ကြရမည်ဖြစ်ပြီး စစ်စည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို မျှမျှတတဖြင့် ဆောင်ရွက်သွားမည်ဆိုပါက အုပ်ချုပ်မှုညီညွတ်မျှတမည်ဖြစ်ကြောင်း။
- တပ်တွင်းစည်းလုံးညီညွတ်မှုမရှိပါက အုပ်ချုပ်မှုလုပ်ငန်းများကို ထိခိုက်လာနိုင်သောကြောင့် တပ်တွင်းစည်းလုံးညီညွတ်မှုရှိရန် အရေးကြီးလိုအပ်သဖြင့် တပ်မတော်သားအားလုံး အလေးထားနေထိုင်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
- စီမံခန့်ခွဲသည့် ခေါင်းဆောင်အသီးသီးမှ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် လက်အောက်မှလည်း စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုကြောင်း။
- ယခုထက်ပိုမို၍ တပ်တွင်းစည်းလုံးညီညွတ်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက တပ်ပြင်စည်းရုံးရေးများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
- တပ်တွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အသား၊ ငါးနှင့် ဥများကို ဌာနဆိုင်ရာဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ရောင်းချပေးမှုများလည်း ဆောင်ရွက်နိုင်ခဲ့ပြီး အလားတူ တိုင်းပြည်စီးပွားရေးကောင်းမွန်ရန်အတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- မိမိတို့ဝင်ငွေနှင့် ထွက်ငွေမျှတမှုရှိစေရေး အသုံးနှင့်အဖြုန်းကို ခွဲခြားသိရှိကြစေလိုကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးကိုသာမက တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုပါ ဆောင်ရွက်မည်ဆိုပါက မိမိတို့၏သက်သာချောင်ချိရေးကို ပိုမို အထောက်အကူပြုစေမည်ဖြစ်ကြောင်း။
- စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ တပ်တွင်းစည်းလုံးညီညွတ်ရေးနှင့် သက်သာချောင်ချိရေးလုပ်ငန်းများ ကောင်းမွန်အောင်မြင်ပါက စိတ်ဓာတ်များတက်ကြွလာမည်ဖြစ်ပြီး တစ်ဦးချင်းအသိစိတ်ဓာတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း။
- တပ်တွင်းအားကစားပွဲများဆောင်ရွက်၍လည်း စိတ်ဓာတ်မြှင့်တင်ရေးကို ဆောင်ရွက်ရမည်ဖြစ်ပြီး အားကစားပွဲများတွင် အောင်မြင်မှုသည် အောင်ပွဲခံယူချင်သည့် စိတ်ဓာတ်ကို ဖြစ်ပေါ်စေသောကြောင့် မည်သည့်အလုပ်ကို ဆောင်ရွက်သည်ဖြစ်စေ အလေးထားဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုများရရှိမည်ဖြစ်ကြောင်း မှာကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့် တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မော်လမြိုင်တပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုများ တက်ရောက်ခဲ့ ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၁၀-၂၀၂၂)
- တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရန်ဖြစ်ပြီး တပ်ရင်းတပ်ဖွဲ့တိုင်းအနေဖြင့် မိမိတို့၏တာဝန်များကို မှန်မှန်ကန်ကန်ထမ်းဆောင်နေခြင်းသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေခြင်းပင်ဖြစ်။
- စစ်သည်တစ်ဦးချင်းအနေဖြင့် မိမိတို့၏တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ပြီး စည်းကမ်းစနစ်တကျရှိနေရမည်ဖြစ်ကာ စွမ်းရည်သုံးရပ် ထက်မြက်အောင် စဉ်ဆက်မပြတ် လေ့ကျင့်နေကြရမည်ဖြစ်။
- မည်သည့်အလုပ်ကိုလုပ်ကိုင်သည်ဖြစ်စေ အာရုံစိုက်၍ ခွန်အားစိုက်ထုတ်ဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုကို ရရှိမည်ဖြစ်သဖြင့် အားပြည့်အင်ပြည့်ဖြင့် အားထည့်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကို မွေးမြူဆောင်ရွက်ကြရန်လို။
- တပ်မတော်သားအားလုံးနှင့် တပ်မိသားစုဝင်များအားလုံး၏ စုစည်းညီညွတ်သည့်အားဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်။
- တပ်တွင်းစည်းလုံးညီညွတ်ရေးသည် တပ်မတော်အတွက် အရေးကြီးပြီး တပ်ဖွဲ့များ အချင်းချင်း စည်းလုံးညီညွတ်မှုရှိပါက တပ်မတော်ကို မည်သူမျှဖြိုခွဲ၍ ရနိုင်မည်မဟုတ်။
- တပ်တွင်းစည်းလုံးညီညွတ်မှုမရှိပါက အုပ်ချုပ်မှုလုပ်ငန်းများကို ထိခိုက်လာနိုင်သောကြောင့် တပ်တွင်းစည်းလုံးညီညွတ်မှုရှိရန် အရေးကြီးလိုအပ်သဖြင့် တပ်မတော်သားအားလုံး အလေးထားနေထိုင်ဆောင်ရွက်သွားကြရန် မှာကြားလို။
- မိမိတို့ဝင်ငွေနှင့် ထွက်ငွေမျှတမှုရှိစေရေး အသုံးနှင့်အဖြုန်းကို ခွဲခြားသိရှိကြစေလိုပြီး တပ်ပိုင်စိုက်ပျိုးမွေးမြူရေးကိုသာမက တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုပါ ဆောင်ရွက်မည်ဆိုပါက မိမိတို့၏သက်သာချောင်ချိရေးကို ပိုမို အထောက်အကူပြုစေမည်ဖြစ်။
- တပ်တွင်းစည်းလုံးညီညွတ်ရေးနှင့် သက်သာချောင်ချိရေးလုပ်ငန်းများ ကောင်းမွန်အောင်မြင်ပါက စိတ်ဓာတ်များတက်ကြွလာမည်ဖြစ်ပြီး တစ်ဦးချင်း အသိစိတ်ဓာတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ရန်လို။
Add new comment