တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း(၇)နှစ်မြောက်နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကော်မတီဝင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစမှ NCA စာချုပ်ဖြစ်ပေါ်လာသည်အထိ ကိုယ်တိုင်ပါဝင် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီတို့မှ အထူးဧည့်သည်တော်များ၊ NCA လက်မှတ်ရေးထိုးထားသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS)တို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင်-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့သည့် Video Message ကို ဖွင့်လှစ်ပြသခဲ့။
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NCA (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အမှာစကားပြောကြားခဲ့။
- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစမှ NCA စာချုပ်ဖြစ်ပေါ်လာသည်အထိ ကိုယ်တိုင်ပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ၊ NCA လက်မှတ်ရေးထိုးစဉ်က အသိသက်သေအဖြစ် ပါဝင်ခဲ့ကြသူများဖြစ်ကြသည့် UPWC ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီး (အငြိမ်းစား) ဦးအောင်မင်း၊ UPWC ဒုတိယဥက္ကဋ္ဌနှင့် ပထမအကြိမ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ပြည်ထောင်စုရှေ့နေချုပ်(အငြိမ်းစား) ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းတို့က NCA အထိမ်းအမှတ်စကားများ ပြောကြားခဲ့။
- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစမှ NCA စာချုပ်ဖြစ်ပေါ်လာသည်အထိ ကိုယ်တိုင်ပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များ၊ NCA လက်မှတ်ရေးထိုးပွဲ၌ ပါဝင်ခဲ့ကြသူများဖြစ်ကြသည့် ခိုင်စိုးနိုင်အောင်(ALP)၊ ဖြားတန် ခွန်ဥက္ကာ(PNLO)နှင့် ပဒိုရွှေမောင်း(KNU)၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုယ်စားလှယ်များဖြစ်ကြသည့် ALP ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း၊ DKBA မှ စောကျော်သန်းဌေး၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ LDU ဥက္ကဋ္ဌ ကျာဆော်လမွန်၊ NMSP ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ PNLO ဒုတိယဥက္ကဋ္ဌ ခွန်ထွန်းတင်နှင့် RCSS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်တို့က NCA အထိမ်းအမှတ်စကားများ ပြောကြားခဲ့။
- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များနှင့် ယခင် MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပြည့်စုံ၊ ဦးမောင်မောင်ငြိမ်းနှင့် စိုင်းမျိုးသန့်တို့က NCA အထိမ်းအမှတ်စကားများ ပြောကြားခဲ့။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစမှ NCA စာချုပ်ဖြစ်ပေါ်လာသည်အထိ ကိုယ်တိုင်ပါဝင်ကြိုးပမ်းဆောင်ရွက်မှုအတွက် ဂုဏ်ပြုထိုက်သည့် ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များအား NCA (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ ဂုဏ်ပြုလက်ဆောင်များကို ပေးအပ် ချီးမြှင့်ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၁၀-၂၀၂၂)
- တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Video Message ပေးပို့၍ မိန့်ခွန်းပြောကြားခဲ့။
- တွေ့ဆုံပွဲအခမ်းအနားသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကော်မတီဝင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစမှ NCA စာချုပ်ဖြစ်ပေါ်လာသည်အထိ ကိုယ်တိုင်ပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့ ကြသည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီတို့မှ အထူးဧည့်သည်တော်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များနှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့။
Add new comment