မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ မန္တလေးမြို့၌ ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

      မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား အောက်တိုဘာလ ၁၂ရက်တွင် KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့ရာ ဘုရားဖူးပြည်သူ(၃)ဦး သေဆုံးခဲ့ပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူလူထုမှ ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချလျက်ရှိပါသည်။

       အောက်တိုဘာလ ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အထက်မြန်မာပြည် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)မှ သံဃာတော်များနှင့် မန္တလေးမြို့နေ အကြမ်းဖက်မှုများကို မလိုလားသော ဒေသခံပြည်သူများစုပေါင်း၍ မဟာမြတ်မုနိဘုရား၊ အောင်တော်မူဘုရားနှင့် စန္ဒာမုနိဘုရားအနီးတစ်ဝိုက်တို့တွင် ဗုဒ္ဓဘာသာကို အကြမ်းဖက်သော အစွန်းရောက်လူသတ်ကောင်များ အလိုမရှိ၊ KNLA NUG CRPH နှင့် PDF အကြမ်းဖက်အဖွဲ့များ အလိုမရှိ၊ KNLA NUG CRPH အကြမ်းဖက်အဖွဲ့များ၏ လက်ဝေခံ PDF အကြမ်းဖက်သမားတို့၏ ကျိုက်ထီးရိုးဘုရားဖူးပြည်သူများအပေါ်  အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုလုပ်ရပ်အား ဆန့်ကျင်ကြ စသည့် ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် အေးချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၁၀-၂၀၂၂)

  • မန္တလေးမြို့ရှိ အထက်မြန်မာပြည် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)မှ သံဃာတော်များနှင့် မန္တလေးမြို့နေ အကြမ်းဖက်မှုများကို မလိုလားသော ဒေသခံပြည်သူများစုပေါင်း၍ ဗုဒ္ဓဘာသာကို အကြမ်းဖက်သော အစွန်းရောက် လူသတ် ကောင်များ အလိုမရှိ၊ KNLANUGCRPH နှင့် PDF အကြမ်းဖက်အဖွဲ့များ အလိုမရှိ၊ KNLANUG CRPH အကြမ်းဖက်အဖွဲ့များ၏လက်ဝေခံ PDF အကြမ်းဖက်သမားတို့၏ ကျိုက်ထီးရိုးဘုရားဖူးပြည်သူများအပေါ် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုလုပ်ရပ်အား ဆန့်ကျင်ကြ စသည့် ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ  အေးချမ်းစွာဆန္ဒထုတ်ဖော်ခဲ့။

Add new comment