ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဘယ်လာရုစ်နိုင်ငံက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အခါသမယတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာရိုမန်ဂိုလော့ဗ်ချန်ကိုက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာရိုမန်ဂိုလော့ဗ်ချန်ကိုက-

· ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။

· မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ ဆက်ဆံမှုများ ပိုမိုထွန်းကားလာစေရန်နှင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍတွင် အပြန်အလှန်အကျိုး ရှိသောပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာစေရန် မိမိအနေဖြင့် ဆန္ဒရှိပါကြောင်း။

· မြန်မာနှင့် ဘယ်လာရုစ်နိုင်ငံအကြား အပြုသဘောဆောင်သောဆက်ဆံရေးများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အလားအလာကောင်းများရှိနေရာ မိမိအနေဖြင့်  အဆိုပါလုပ်ငန်းစဉ်အတွက် လိုအပ်သည့်အားပေးပံ့ပိုးမှုများကို ပေး အပ်သွားရန် အသင့်ရှိကြောင်း။

အဆွေတော် ကျန်းမာရွှင်လန်း၍ အောင်မြင်မှုများရရှိ ပါစေရန်နှင့် အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

  • မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ဆက်ဆံမှုများ ပိုမိုထွန်းကားလာစေရန်နှင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍတွင် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာစေရန် မိမိအနေဖြင့်ဆန္ဒရှိပါကြောင်း ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်က သဝဏ်လွှာပေးပို့ခဲ့။

 

 

Add new comment