ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အထင်အမြင်လွှဲမှားစေရန် လုပ်ကြံဖန်တီးသတင်းဖော်ပြမှုများအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်

       မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်စွာဘုရား၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား အောက်တိုဘာလ ၁၂ ရက်တွင် KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၉ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်ကို သတင်းထုတ်ပြန်ခဲ့ပြီး သတင်းမီဒီယာအချို့မှ တိကျသေချာခြင်းမရှိသော အချက်အလက်များ၊ ပြောကြားချက်များ အပေါ်အခြေခံ၍ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့မှုအပေါ် အထင်အမြင်လွှဲမှားစေနိုင်သော လုပ်ကြံဖန်တီးထားသည့် သတင်းဖော်ပြချက်များကို ရေးသားဖော်ပြလျက်ရှိပါသည်။

       အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုများကြောင့် ဘုရားဖူးပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့မှု အခြေအနေမှန်များကို သိရှိနိုင်ရန် မျက်မြင်သက်သေများ၊ လုံခြုံရေးကင်မရာများ၊ အကြမ်းဖက်သမားများ ဝင်ရောက်ပစ်ခတ်သည့် လမ်းကြောင်းနှင့် နေရာများ၊ အရပ်သား ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့သည့် နေရာများအား အသေးစိတ်စစ်ဆေးခဲ့ရာ-

  • KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အကြမ်းဖက်သမား ၁၅ ဦးခန့်သည် ဆောင်နိုင်ကြီးကျေးရွာမှ ကဒတ်ချောင်းတံတားကိုဖြတ်၍ Vego အမျိုးအစား ခဲရောင်မော်တော်ယာဉ်ဖြင့် လာရောက်ပြီး ကင်မွန်းချောင်းတောင် တက်ကားဂိတ်၏ အနောက်နှင့် အနောက်တောင်ဘက်များရှိ ဆိုင်ခန်းများတွင် နေရာယူခဲ့ကြောင်း။
  • ဆိုင်ခန်းများအတွင်း ဖြန့်ခွဲနေရာယူကာ တောင်တက်ကားဂိတ်အတွင်းရှိ ဘုရားဖူးယာဉ်ပေါ်သို့ ဘုရားဖူးပြည်သူများ တက်ရောက်နေစဉ် လက်နက်ငယ်များဖြင့် အတွဲလိုက်စတင်ပစ်ခတ်ခဲ့သဖြင့် စုစုပေါင်း အမျိုးသမီး ၃ ဦး လက်နက်ငယ် ကျည်ထိမှန်၍ လဲကျသေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်နှင့် ယာဉ်အနီးရှိ ဘုရားဖူးပြည်သူ ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်ကို လုံခြုံရေးကင်မရာမှ တွေ့ရှိရကြောင်း။
  • ဘုရားဖူးပြည်သူများ သေဆုံးဒဏ်ရာရချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူ၏ အသက်အန္တရာယ်ကာကွယ်ရန်အလို့ငှာ ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများက ၄၀ မမ ဗုံးသီးများ၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း။
  • ပစ်ခတ်ပြီးချိန်တွင် အကြမ်းဖက်သမားများသည် မော်တော်ယာဉ်ဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ထွက်ခွာချိန်တွင် မော်တော်ယာဉ်ပေါ်မှ အောင်ထူးစံကားဂိတ်အား လက်နက်ငယ်ဖြင့် ထပ်မံပစ်ခတ်သွားကြောင်း။
  • ရိုင်းစိုင်းယုတ်မာသည့် ဘာသာမဲ့ အကြမ်းဖက်သမားများသည် နိုင်ငံသားအများစု၏ ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေမှုကို ပျက်စီးစေရန် ရည်ရွယ်၍ တောင်တက်ကားဂိတ်အတွင်းသို့ ပစ်ခတ်ခဲ့သည့်လုပ်ရပ်ကိုလည်း အဆိုပါနေရာတစ်ဝိုက်ရှိ လုံခြုံရေး ကင်မရာမှတ်တမ်းများမှ အထောက်အထားခိုင်လုံစွာဖြင့် ဖမ်းယူရရှိထားကြောင်း တွေ့ရှိရပါသည်။

  မြေပြင်အခြေအနေနှင့် ဗုဒ္ဓဘာသာဝင်များအပါအဝင် အကြမ်းဖက်မှုကို လုံးဝဆန့်ကျင်ကြသည့် မြန်မာနိုင်ငံသားများ၏ ဆိုရှယ်မီဒီယာများမှ ပြောဆိုမှုများအပြင် တိကျခိုင်မာသောအထောက်အထားများအရ နိုင်ငံတော်အစိုးရအနေဖြင့် တရားဝင်သတင်းထုတ်ပြန် ထားသော်လည်း အဆိုပါသတင်းအပေါ် မျက်ကွယ်ပြုလျက် ဗြောင်လိမ်ဗြောင်စား ဧရာဝတီနှင့် ဘီဘီစီသတင်းဌာနများ၏ မြန်မာပိုင်းအစီစဉ်မှ အဓိပ္ပာယ်မဲ့သော အောက်လုံးများဖြင့် လုံခြုံရေးတပ်ဖွဲ့များက ဘုရားဖူးများအား မဆင်မခြင်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့မှု သည် သတင်းမီဒီယာကျင့်ဝတ်အား အရှက်တရား ကင်းမဲ့စွာချိုးဖောက်ခြင်းဖြစ်၍ အဆိုပါသတင်းဌာနများအား ဆက်သွယ်ရေးဥပဒေ၊ သတင်းမီဒီယာဥပဒေနှင့် လုံခြုံရေးတပ်ဖွဲ့များအပေါ် မဟုတ်မမှန် အသေရေဖျက်စွပ်စွဲမှုအတွက် တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။      

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၁၀-၂၀၂၂)

  • သတင်းအမှန်အပေါ် မျက်ကွယ်ပြုလျက် ဗြောင်လိမ်ဗြောင်စား ဧရာဝတီနှင့် ဘီဘီစီသတင်းဌာနများ၏ မြန်မာပိုင်းအစီစဉ်မှ အဓိပ္ပာယ်မဲ့သော အောက်လုံးများဖြင့် လုံခြုံရေးတပ်ဖွဲ့များက ဘုရားဖူးများအား မဆင်မခြင်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့မှု သည် သတင်းမီဒီယာကျင့်ဝတ်အား အရှက်တရားကင်းမဲ့စွာ ချိုးဖောက်ခြင်းဖြစ်၍ အဆိုပါသတင်းဌာနများအား ဆက်သွယ်ရေးဥပဒေ၊ သတင်းမီဒီယာဥပဒေနှင့် လုံခြုံရေးတပ်ဖွဲ့များအပေါ် မဟုတ်မမှန် အသေရေဖျက်စွပ်စွဲမှုအတွက် တည်ဆဲဥပဒေနှင့် အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်။

Add new comment