ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာပညာရေးကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် အောက်တိုဘာလ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သော (၁၂) ကြိမ်မြောက် အာဆီယံ ပညာရေးဝန်ကြီးများ အစည်းအဝေး (12th ASEAN Education Ministers Meeting– 12th ASED)နှင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၆)ကြိမ်မြောက်အာဆီယံအပေါင်း ၃ ပညာရေး ဝန်ကြီးများအစည်းအဝေး (6th ASEAN Plus Three Education Ministers Meeting – 6th APT EMM)၊ (၆) ကြိမ်မြောက်အရှေ့အာရှပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး (6th East Asia Education Ministers Meeting – 6th EAS EMM) များကို တက်ရောက်ခဲ့ပါသည်။
(၁၂) ကြိမ်မြောက်အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေးတွင်
- အာဆီယံပညာရေးဝန်ကြီးများက အာဆီယံဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံများတွင် ကြံ့ကြံ့ခိုင်သည့် ပညာရေးစနစ်တစ်ဖန်ဆန်းသစ်နိုင်ရေးအတွက် ပူးပေါင်းအားထုတ်မှု မျက်နှာစာသစ်ဖွင့်လှစ်ခြင်း ဦးတည်ချက်ဖြင့် အလှည့်ကျ မိန့်ခွန်း ပြောကြားကာ အမြင်ချင်းဖလှယ်ခဲ့။
- အကြိမ် (၄၀) မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများသို့ တင်သွင်းမည့် အာဆီယံဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုပညာရေးစနစ်များ ကြေညာစာတမ်းကို အတည်ပြုကာ အာဆီယံ-ရုရှားဖက်ဒရေးရှင်း ပညာရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ် (၂၀၂၂-၂၀၂၆)၊ အာဆီယံ-ဟန်ဂေရီ ပညာရေးပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာနှင့် အာဆီယံအဆင့်မြင့်ပညာရေး အကောင်အထည် ဖော်ရေး လမ်းပြမြေပုံတို့ကိုတင်ပြခဲ့။
- (၁၂) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေးပူးတွဲကြေညာချက်ကို ဆွေးနွေးအတည်ပြုခဲ့ကြကာ ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် (၁၃) ကြိမ်မြောက်အာဆီယံပညာရေးဝန်ကြီးများအစည်း အဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် သဘောတူညီခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
(၆) ကြိမ်မြောက် အာဆီယံနှင့် အပေါင်း ၃ ပညာရေးဝန်ကြီးများအစည်းအဝေးတွင်
- အပေါင်း ၃ နိုင်ငံများဖြစ်ကြသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ပညာရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံဒုတိယအတွင်းရေးမှူးချုပ်တို့က မိန့်ခွန်းပြောကြား ကာ အာဆီယံအပေါင်း ၃ နိုင်ငံ များမှ ပညာရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။
(၆) ကြိမ်မြောက် အရှေ့အာရှပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးတွင်
- ပညာရေးဝန်ကြီးဌာနနှင့် အရှေ့တောင်အာရှပညာရေးဝန်ကြီးများအဖွဲ့ (SEAMEO) တို့အကြားချုပ်ဆိုသည့် အရှေ့တောင်အာရှအခြေခံပညာသင်ယူတတ်မြောက်မှုတိုင်းတာရေး (SEA-PLM) အတွက် Letter of Engagement ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်ကာ အဖွဲ့ဝင်များအဖြစ် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇေယျာထွန်းတို့ပါဝင်သော မြန်မာပညာရေး ကိုယ်စားလှယ်အဖွဲ့သည် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ ကြိုတင်တက်ရောက်ခဲ့ကြသော အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်တို့နှင့်အတူ အောက်တိုဘာလ ၁၅ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၁၀-၂၀၂၂)
- (၁၂)ကြိမ်မြောက်အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေးတွင် အကြိမ်(၄၀)မြောက်နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများသို့ တင်သွင်းမည့် အာဆီယံဒစ်ဂျစ်တယ် အသွင်ကူးပြောင်း မှု ပညာရေးစနစ်များ ကြေညာစာတမ်းကို အတည်ပြုကာ အာဆီယံ-ရုရှားဖက်ဒရေးရှင်းပညာရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ် (၂၀၂၂-၂၀၂၆)၊ အာဆီယံ-ဟန်ဂေရီ ပညာရေးပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် အာဆီယံအဆင့်မြင့်ပညာရေး အကောင်အထည်ဖော်ရေးလမ်းပြမြေပုံတို့ကိုတင်ပြခဲ့။
- (၆)ကြိမ်မြောက် အာဆီယံနှင့် အပေါင်း ၃ ပညာရေးဝန်ကြီးများ အစည်းအဝေးတွင် အပေါင်း ၃ နိုင်ငံများဖြစ်ကြသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ပညာရေး ဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံဒုတိယအတွင်းရေးမှူးချုပ်တို့က မိန့်ခွန်းပြောကြားကာ အာဆီယံအပေါင်း ၃ နိုင်ငံ များမှ ပညာရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို ဆွေးနွေးအတည်ပြုခဲ့။
- (၆)ကြိမ်မြောက်အရှေ့အာရှပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနနှင့် အရှေ့တောင်အာရှပညာရေးဝန်ကြီးများအဖွဲ့ (SEAMEO)တို့အကြား ချုပ်ဆိုသည့် အရှေ့တောင်အာရှ အခြေခံပညာသင်ယူတတ်မြောက်မှုတိုင်းတာရေး (SEA-PLM) အတွက် Letter of Engagement ကို လက်မှတ်ရေးထိုးခဲ့။
Add new comment