PDF အမည်ခံ အကြမ်းဖက်သမားများက ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား လာရောက်ပစ်ခတ်တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ အသင်းအဖွဲ့အသီးသီးမှ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်

      မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်စွာဘုရား၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား အောက်တိုဘာလ ၁၂ ရက်တွင် KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့ရာ ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

     ၎င်းဖြစ်စဉ်သည် လူသားဆန်သော လုပ်ရပ်မဟုတ်ကြောင်း၊ အသက်ဆုံးရှုံးခဲ့ကြသော ဘုရားဖူးပြည်သူများအတွက် ဝမ်းနည်းကြေကွဲရကြောင်း၊ ကျန်ရစ်သော မိသားစုများအတွက် စာနာမိပါကြောင်းနှင့် များစွာ စိတ်မကောင်းဖြစ်ကြောင်း၊ ၎င်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ လုံးဝလက်မခံနိုင်ကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မွန်ပြည်နယ်သံဃနာယကအဖွဲ့၊ မွန်ပြည်နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ မွန်ပြည်နယ်ဟိုတယ်ဆိုင်ရာလုပ် န်းရှင်များအသင်း၊ မွန်ပြည်နယ်သတင်းမှန်ပြန်ကြားရေးကော်မတီ၊  မြန်မာနိုင်ငံ လုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာ-အိန္ဒိယအပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအသင်းတို့က အောက်တိုဘာလ ၁၃ ရက်တွင် သဘောထားထုတ်ပြန်ချက် အသီးသီး ဆက်လက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁၀-၂၀၂၂)

  • PDF အမည်ခံ အကြမ်းဖက်သမားများက ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား လာရောက်ပစ်ခတ်တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ လုံးဝလက်မခံနိုင်ကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မွန်ပြည်နယ်သံဃနာယကအဖွဲ့၊ မွန်ပြည်နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ မွန်ပြည်နယ်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ မွန်ပြည်နယ်သတင်းမှန်ပြန်ကြားရေးကော်မတီ၊  မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာ-အိန္ဒိယအပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းတို့က သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့။

Add new comment