အောက်တိုဘာလ ၁၂ ရက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်စွာဘုရားအား ဝါကျွတ်ကာလ အများပြည်သူအေးချမ်းစွာ ဘုရားဖူးမျှော်ကုသိုလ်ယူ၍ စည်ကားလျက်ရှိစဉ် KNLA တပ်မဟာ(၁)နှင့် CRPH၊ NUG၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားဖူး လာရောက်ကြသည့် အပြစ်မဲ့ပြည်သူ အမျိုးသမီး ၃ ဦး သေဆုံး ခဲ့ပြီး အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါထိခိုက်ဒဏ်ရာရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ထွက်ပြေးသွားသည့် အကြမ်းဖက်သမားများအား လိုက်လံချေမှုန်း လျက်ရှိကြောင်း သိရှိရပါသည်။
အကြမ်းဖက်သမားများအနေဖြင့် ဝါကျွတ်ကာလအတွင်း နိုင်ငံအနှံအပြားရှိ ဘုရားကျောင်းကန်များ၊ အပန်းဖြေစခန်းများတွင် အများပြည်သူများဖြင့် စည်ကားသိုက်မြိုက် အေးချမ်းပျော်ရွှင်စွာ ဘုရားဖူးခြင်း၊ အပန်းဖြေ အနားယူ နေခြင်းတို့အပေါ် မရှုဆိတ်သော အောက်တန်းကျသည့် စိတ်ဓာတ်ဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လာခဲ့ရာမှ ယခုလို စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူ အေးချမ်းစွာဖြင့် ဘုရားဖူးကုသိုလ်ယူလျက်ရှိသော သာသနာ့နယ်မြေအတွင်း ရက်စက်သော အကြမ်းဖက် လုပ်ရပ်များအား ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေဖြင့် လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ထိရောက်စွာအရေးယူပေးရန် လိုလားလျက်ရှိပါသည်။
ယခုဖြစ်စဉ်သည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါစစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter terrorism Action) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁၀-၂၀၂၂)
- ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်စွာဘုရား၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား KNLA တပ်မဟာ (၁)နှင့် CRPH၊ NUG ၏လက်ဝေခံ PDF အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့သဖြင့် ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့။
- အကြမ်းဖက်သမားများအနေဖြင့် ဝါကျွတ်ကာလအတွင်း နိုင်ငံအနှံအပြားရှိ ဘုရားကျောင်းကန်များ၊ အပန်းဖြေစခန်းများတွင် အများပြည်သူများဖြင့် စည်ကားသိုက်မြိုက် အေးချမ်းပျော်ရွှင်စွာ ဘုရားဖူးခြင်း၊ အပန်းဖြေ အနားယူနေခြင်းတို့အပေါ် မရှုဆိတ်သော အောက်တန်းကျသည့် စိတ်ဓာတ်ဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လာခဲ့ရာမှ ယခုလိုစစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူ အေးချမ်းစွာဖြင့် ဘုရားဖူး ကုသိုလ်ယူလျက်ရှိသော သာသနာ့နယ်မြေအတွင်း ရက်စက်သော အကြမ်းဖက်လုပ်ရပ်များအား ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေဖြင့် လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ထိရောက်စွာအရေးယူပေးရန် လိုလားလျက်ရှိ။
Add new comment