ရုရှားနိုင်ငံမှ စွမ်းအင်ကဏ္ဍတွင် လုပ်ကိုင်နေသည့် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး အမြင်ချင်းဖလှယ်ဆွေးနွေး

       ရုရှားစွမ်းအင်ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာဖိုရမ် (Russian Energy Week International Forum)သို့ တက်ရောက်ရန် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် အဖွဲ့ဝင်များသည် ရုရှားနိုင်ငံဖိုရမ်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၏ အတွင်းရေးမှူးနှင့် အောက်တိုဘာလ ၁၀ ရက် တွင် မော်စကိုမြို့ရှိ Crowne Plaza Hotel ၌ အလွတ်သဘောတွေ့ဆုံ၍-

  • ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များအားလည်းကောင်း၊
  • ယခင်ကျင်းပခဲ့သော ဖိုရမ်တွင် နိုင်ငံတော်အကြီးအကဲများ ဆွေးနွေးခဲ့သော ကိစ္စရပ်များအတွက် ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတထံသို့ အပတ်စဉ်အစီရင်ခံ တင်ပြဆောင်ရွက်နေမှုများအားလည်းကောင်း၊
  • စွမ်းအင်ကဏ္ဍတွင် လုပ်ကိုင်နေသည့် ရုရှားကုမ္ပဏီများအနေဖြင့် ရေနံရှာဖွေတူးဖော်ခြင်း၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံလုပ်ငန်းသုံးပစ္စည်းများ တင်ပို့ရောင်းချရေးကိစ္စရပ်များအား  မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊
  • ရုရှား-မြန်မာချစ်ကြည်ရေးပြယုဂ်အနေဖြင့် ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် အရေးပေါ်တုံ့ပြန်ရေးစင်တာ (Emergency Respond Center) တည်ထောင်နိုင်ရေး ကိစ္စရပ်များအားလည်းကောင်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

    ရုရှားနိုင်ငံသည် စွမ်းအင်နှင့်ပတ်သက်သောကုန်များ ထုတ်လုပ်သောနိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အထက်ပါဖိုရမ်တွင် ရုရှားနိုင်ငံမှ အဖွဲ့အစည်းများနှင့် စွမ်းအင်ကဏ္ဍကိစ္စများသာမက လျှပ်စစ်စွမ်းအားကဏ္ဍကိစ္စများကိုပါ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁၀-၂၀၂၂)

  • ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ရုရှားနိုင်ငံ၏ ဖိုရမ်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၏ အတွင်းရေးမှူးနှင့်တွေ့ဆုံ၍ ယခင်ကျင်းပခဲ့သော ဖိုရမ်တွင် နိုင်ငံတော်အကြီးအကဲများ ဆွေးနွေးခဲ့သော ကိစ္စရပ်များအတွက် ရုရှား-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတထံသို့ အပတ်စဉ်အစီရင်ခံ တင်ပြဆောင်ရွက်နေမှုများနှင့် စွမ်းအင်ကဏ္ဍတွင် လုပ်ကိုင်နေသည့် ရုရှားကုမ္ပဏီများအနေဖြင့် ရေနံရှာဖွေတူးဖော်ခြင်း၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံလုပ်ငန်းသုံးပစ္စည်းများ တင်ပို့ရောင်းချရေးကိစ္စရပ်များအား  မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီး မြှုပ်နှံရေးဆွေးနွေးခဲ့။

 

Add new comment