မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်စွာဘုရား၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား အောက်တိုဘာလ ၁၂ ရက်တွင် KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့ရာ ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်ပါအတိုင်းပြန်လည်ပြောကြားထားပါသည်-
- ၎င်းဒေသတွင်ရှိသည့် ဒေသခံများ၊ မျက်မြင်သက်သေများ၏ ပြောပြချက်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စုံစမ်းချက်အရ PDF အကြမ်းဖက်အဖွဲ့ဝင်၁၂ ဦးခန့်က ကျိုက်ထိုမြို့နယ် ဆောင်နိုင်ကြီးကျေးရွာဘက်မှ ကားတစ်စီးဖြင့် ရောက်လာ ပြီး ကျိုက်ထီးရိုးတောင်တက် တောင်ဘက်ကားဂိတ်အရှေ့ဘက် ကိုက် ၅၀ ခန့်အကွာ တောင်တက်ကားလမ်းပေါ်မှ ကားဂိတ်ဘက်ကို ၄၀ မမ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း။
- ကျိုက်ထီးရိုးဘုရားကို ဘုရားဖူးလာသည့် ပြည်သူများထဲမှ အမျိုးသမီး ၃ ဦးသေဆုံး ခဲ့ပြီး ဘုရားဖူးလာ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ဒဏ်ရာရရှိခဲ့ကာ လုံခြုံရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် ၁ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း။
- ဒဏ်ရာရရှိသူများကို ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး လိုအပ်လာပါက တပ်မတော်ဆေးရုံများသို့ ပို့ဆောင်ကုသပေးရန် စီစဉ်လျက်ရှိကြောင်း။
- သေဆုံးဒဏ်ရာရသူများနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် အထူးဝမ်းနည်းကြောင်း။
- PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် ယခုအခါ ဘုရားဖူးပြည်သူများကိုပါ လိုက်လံပစ်ခတ်သည့် အကြမ်းဖက်မှုမျိုးများ လုပ်ဆောင်လာခြင်းကို တွေ့ရကြောင်း။
- အဆိုပါလုပ်ရပ်များသည် အကြမ်းဖက် NUG အဖွဲ့၏ သမ္မတဟု အမည်ခံထားသူ ကိုယ်တိုင်က တိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့်ပြီး ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောဆိုပြီးနောက်ပိုင်း၌ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း။
- မိမိတို့အနေဖြင့် NUG / CRPH /PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို ဆက်လက်ပြီး ပြတ်ပြတ်သားသား ချေမှုန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- ကင်မွန်းချောင်းကျေးရွာရှိ ဘုရားဖူးဂိတ်ကို ပစ်ခတ်ခဲ့သည့် အကြမ်းဖက် PDF သောင်းကျန်းသူများ၏ နောက်ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံချေမှုန်းလျက်ရှိကြောင်း။
မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည့် ယခုနှစ်သီတင်းကျွတ်အခါသမယတွင် ပိုမိုစည်ကားလာတာကို တွေ့ရကြောင်း၊ ပြည်သူလူထုအနေဖြင့် တန်ခိုးကြီးဘုရားများသို့ သွားရောက်ဖူးမျှော်မှုများရှိကြောင်း၊ ဘုရားဖူးပြည်သူများကို တိုက်ခိုက်ခြင်းသည် အမျိုးဘာသာ သာသနာကိုပါ တိုက်ရိုက်ထိပါးစော်ကားတဲ့လုပ်ရပ်၊ အကြမ်းဖက်လုပ်ရပ်များဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အကြမ်းဖက် NUG / CRPH /PDF အဖွဲ့များကို ဝိုင်းဝန်းဆန့်ကျင်ကြရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်ငြိမ်းချမ်းသာယာရေးကို ဆက်လက်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁၀-၂၀၂၂)
- PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် ယခုအခါ ဘုရားဖူးပြည်သူများကိုပါ လိုက်လံပစ်ခတ်သည့် အကြမ်းဖက်မှုမျိုးများလုပ်ဆောင်လာခြင်းသည် အကြမ်းဖက် NUG အဖွဲ့၏သမ္မတဟု အမည်ခံထားသူ ကိုယ်တိုင်က တိုက်ခိုက်မှုများ အရှိန် အဟုန်မြှင့်ပြီး ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောဆိုပြီးနောက်ပိုင်း၌ ထွက်ပေါ်လာခြင်းဖြစ်။
- မိမိတို့အနေဖြင့် NUG / CRPH /PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို ဆက်လက်ပြီး ပြတ်ပြတ်သားသား ချေမှုန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။
- မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည့် ယခုနှစ်သီတင်းကျွတ်အခါသမယတွင် ပြည်သူလူထုအနေဖြင့် တန်ခိုးကြီးဘုရားများသို့ သွားရောက်ဖူးမြော်မှုများရှိကြောင်း၊ ဘုရားဖူးပြည်သူများကို တိုက်ခိုက်ခြင်းသည် အမျိုးဘာသာသာသနာကိုပါ တိုက်ရိုက် ထိပါးစော်ကားတဲ့လုပ်ရပ်၊ အကြမ်းဖက်လုပ်ရပ်များဖြစ်။
- ပြည်သူလူထုအနေဖြင့် အကြမ်းဖက် NUG / CRPH /PDF အဖွဲ့များကို ဝိုင်းဝန်းဆန့်ကျင်ကြရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်ငြိမ်းချမ်းသာယာရေးကို ဆက်လက်ဆောင်ရွက်သွားကြရန် ပြောခဲ့။
Add new comment