ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဒုတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များညီလာခံကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အောက်တိုဘာလ ၁၂ ရက်တွင် လက်ခံကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအမျိုးသမီးအခွင့်အရေးများဆိုင်ရာကိုယ်စားလှယ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဌ၊ အာဆီယံအမျိုးသမီးရေးရာကော်မတီ Focal Person နှင့် ဘာသာရပ် ဆိုင်ရာတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo Hun Sen နှင့် တာဝန်ရှိသူများက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ညီလာခံ၏ ဆောင်ပုဒ်ဖြစ်သည့် “Building A More Sustainable, Inclusive and Reailient Future: Unlocking Women’s Entrepreneurship in ASEAN” နှင့်စပ်လျဉ်း၍ Plenary Session တွင် အာဆီယံနိုင်ငံများ၏ အမျိုးသမီးရေးရာခေါင်းဆောင်များက Panellist များအဖြစ် ပါဝင်ဆောင်ရွက်၍ အတွေ့အကြုံနှင့် အမြင်များကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က-
- မြန်မာနိုင်ငံအနေဖြင့် ကျား/မ တန်းတူညီမျှမှုရရှိရန်၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများကို ဖော်ဆောင်ပေးရန်အတွက် Sustainable Development Goal နံပါတ်(၅)ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ပြီး အမျိုးသမီးများအပေါ် နည်းမျိုးစုံနှင့် အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံအဆင့် ဦးစီး ဦးဆောင် လှုပ်ရှားဖော် ဆောင်နိုင်မည့် အဖွဲ့အစည်းတစ်ခုအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း။
- အမျိုးသမီးများ၏ စွန့်ဦးတီထွင်လုပ်ငန်းရှင်များပေါ်ထွက်ရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးမည့် စီးပွားရေးလုပ်ငန်းများဖြစ်စေရန်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများသည် အရေးပါသည့်အတွက် အိမ်တွင်းမှုသက်မွေးပညာ သင်ကျောင်း ၁၁ ကျောင်းကို တည်ထောင်ဖွင့်လှစ်ပြီး အမျိုးသမီးများ၏ စွမ်းရည်နှင့် အိမ်တွင်းမှုသက်မွေးပညာများ တတ်မြောက်စေရန် သင်ကြားပေးလျက်ရှိကြောင်း ပြောကြားခဲ့။
အစီအစဉ်အရ Declaration on Building A More Sustainable, Inclusive and Resilient Future: Unlocking Women’s Entrepreneurship in ASEAN နှင့်စပ်လျဉ်း၍ တတ်ရောက်လာသူများက မှတ်ချက်ပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ညီလာခံအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြန်မာ့အလင်းသတင်းစာ ၁၃-၁၀-၂၀၂၂)
- ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဒုတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များညီလာခံကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် လက်ခံကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့။
- ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကျား/မ တန်းတူညီမျှမှုရရှိရန်၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများကို ဖော်ဆောင်ပေးရန်အတွက် Sustainable Development Goal နံပါတ်(၅)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်း ၁၁ ကျောင်းကို တည်ထောင်ဖွင့်လှစ်ပြီး အမျိုးသမီးများ၏ စွမ်းရည်နှင့် အိမ်တွင်းမှုသက်မွေးပညာများ တတ်မြောက်စေ ရန် သင်ကြားပေးလျက်ရှိကြောင်း ပြောကြားခဲ့။
Add new comment